စီးပွားရေးလုပ်ငန်းစတာနဲ့ ကလေးတစ်ယောက်မွေးတာတူတဲ့အချက်က ကလေးငယ်တစ်ယောက်ငယ်စဉ်မှာ ကြီးထွားတာမြန်တယ်။ လုပ်ငန်းတစ်ခုကလည်း စတင်ချိန်မှာ ကြီးထွားတာအရမ်းမြန်တတ်တယ်။
တချို့လုပ်ငန်းတွေက ကြိုတင်စီမံပြီးစသလို တချို့ကအခြေအနေအရစတယ်။
မွေးကင်းစမှာ အိပ်ရေးပျက်ရသလို လုပ်ငန်းစတင်ချိန်မှာလဲ အင်မတန်ကြိုးစားအားထုတ်ရတယ်။
ကလေးတစ်ယောက်တီတီတာတာစကားပြောတတ်ချိန်
ကြည်နူးရသလို လုပ်ငန်းတစ်ခု ရုပ်လုံးနည်းနည်းပေါ်လာတဲ့အချိန်ကြည်နူးရတယ်။
ကလေးတစ်ယောက်ရဲ့ အပြုအမူတွေကောင်းအောင်
ပြုစုပျိုးထောင်ပေးရသလို လုပ်ငန်းတွင်းရှိလူအားလုံးရဲ့ အပြုအမူတူအောင် Core value တွေသတ်မှတ်လိုက်နာဖို့လိုပြီး၊ Culture ကိုစနစ်တကျပြုစုပျိုးထောင်ဖို့လိုတယ်။
အသက်အရွယ်တစ်ခုရောက်ရင် သူ့အလိုလိုရပ်တည်နိုင်ဖို့ ကြိုတင်လုပ်ဆောင်ပေးရသလို လုပ်ငန်းတစ်ခု အခြေနေတစ်ခုရောက်ရင် သူ့အလိုလိုလည်ပတ်နိုင်ဖို့ Exit Strategy နဲ့
Succession Planning လိုတယ်။
ကလေးတစ်ယောက်တစ်ချိန်မှာအောင်မြင်ဖို့ ကြိုတင်စဉ်းစားပုံဖော်ပြင်ဆင်ပေးရသလို လုပ်ငန်းတစ်ခုတည်တံ့ဖို့ Vision လိုတယ်။
Phyo Paing @ Derek