Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကလေးလေး တစ်ယောက်လိုမြင်ကြည့်ပါ။

ကလေးလေး တစ်ယောက်လိုမြင်ကြည့်ပါ။

လုပ်ငန်းရှင်အများစုဟာ သေးငယ်စဥ်ကတည်းက
လုပ်ငန်းကို စနစ်တကျ မထိန်းကျောင်း၊ စနစ်မချထားတဲ့အခါ
လုပ်ငန်းကြီးလာတဲ့အခါ ထိန်းကျောင်း၊ စနစ်ချရတာ
မလွယ်မကူ ဖြစ်တတ်ကြတယ်။

ဒါကြောင့် ကျွန်တော်ကတော့ ကလေးထိန်းတဲ့
ဥပစာလေးနဲ့ ပြောပြလေ့ရှိတယ်။

လုပ်ငန်းရှင်ဆိုတာ လုပ်ငန်းတစ်ခုလုပ်ပြီးရုံနဲ့
ရပ်သွားတတ်တဲ့ အမျိုးတွေ မဟုတ်ကြပါဘူး။
တစ်ခုပြီး တစ်ခု အသစ်အသစ်တွေ
ဆက်လုပ်နေချင်ကြသူတွေ များပါတယ်။

ဒါကြောင့် ကိုယ်လုပ်တဲ့လုပ်ငန်းတွေမှာ
ပထမတစ်ခုကို စံနမူနာပုံစံဖြစ်အောင်
စနစ်တကျ တည်ဆောက်ဖို့လိုပါတယ်။
ဒါကိုတော့ English လို prototype လို့ခေါ်ပါတယ်။

တကယ်လို့ ကိုယ့်ရဲ့ပထမလုပ်ငန်း
စံနမူနာပုံစံ စနစ်တကျလေးတည်ဆောက်နိုင်သွားရင်
ဒုတိယလုပ်ငန်း၊ တတိယလုပ်ငန်းတွေလဲ
လွယ်ကူသွားပါလိမ့်မယ်။

ဒီလို ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းတွေကို
Turnkey business လို့ခေါ်ကြပါတယ်။
ကားစက်ခလုပ်နှိပ်လိုက်သလိုပဲ
တခါတည်းဖွင့်ပြီးမောင်းနှင်လို့ရတာမျိုးကို
ဆိုလိုတာပါ။

ဥပမာ Franchise လုပ်ငန်းတွေဟာ
စနစ်တည်ဆောက်ပြီး စနစ်ငှားစားတဲ့
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတွေဖြစ်ပါတယ်။

နောက်တစ်ခုက နည်းပညာအသုံးပြုပြီး
ကိုယ်မပါပဲ လည်ပတ်တဲ့
website တွေ၊ app တွေလုပ်ငန်းတွေဖြစ်ပါတယ်။

ဒီလို လုပ်ငန်းတွေအများကြီးရှိပါသေးတယ်။

ဒီလို ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတွေ
တည်ဆောက်ဖို့
ကိုယ့်လုပ်ငန်းကို ကိုယ့်ကလေးလေးတွေလိုမြင်ပြီး
စနစ်တကျ ထိန်းကျောင်း၊ အာရုံစိုက်ဖို့လိုအပ်ပါတယ်။

ဒီတော့ ကလေးတစ်ယောက်ကို ကောင်းစွာ
ပြုစုပျိုးထောင်တတ်ဖို့ နည်းနာတွေလေ့လာရသလို၊
လုပ်ငန်းတစ်ခုကို စနစ်တကျ
လည်ပတ်နိုင်ဖို့ နည်းနာတွေလေ့လာဖို့လိုပါတယ်။

#Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေတည်ဆောက်ပါ။

ကိုယ့်လုပ်ငန်းကို တစ်နေရာတည်းမှာ Plan ချနိုင်ဖို့
www.akyanpay.com

Share Your Idea!​