Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်ကိုကိုယ် တိုးတက်အောင် အရင်ဆုံးလုပ်ပါ။

Personal Development

Personal Development လုပ်နိုင်မှပဲ Professional နဲ့ Business Development လုပ်နိုင်မယ်လို့မြင်တယ်။

Personal Development ဆိုတဲ့နေရာမှာ စွမ်းဆောင်ရည်တိုးဖို့ စိတ်နေစိတ်ထား၊ အတွေးအခေါ်၊ အချိန်စီမံခန့်ခွဲမှု၊ ပေါင်းသင်းဆက်ဆံရေး၊ ဦးဆောင်မှုစွမ်းရည်၊ မှတ်ဥာဏ်ကောင်းအောင်လုပ်တာ၊ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုသိရှိစေတာ၊ စိတ်ဓာတ်မယိုင်လဲသွားအောင် ကြံကြံခံနိုင်တာ၊ လူရှေ့သူရှေ့စကားထွက်ပြောနိုင်တာ၊ ပြဿနာကိုပြေလည်စွာဖြေရှင်းနိုင်ဖို့ စဥ်းစားနည်းစနစ်တွေသိရှီအသုံးချတာ အစရှိတာတွေပါပါတယ်။

ငယ်ငယ်ကတည်းက ကိုယ့်ကိုကိုယ် တိုးတက်ချင်တဲ့အလျောက် ဆရာကြီးပီမိုးနင်းကအစချီလို့ မြန်မာစာအုပ်တော်တော်များများဖတ်တယ်။ နောက်ပိုင်း Napolean Hills ကစလို့ တက်ကျမ်းတွေ အကုန်ဖတ်တယ်။ တရုတ် content အများစုက ideology ပိုင်းမှာ အနောက်တိုင်းလောက် fresh မဖြစ်တော့ တရုတ် content မှာ spiritual အပိုင်းနဲ့ strategy အပိုင်းလောက်ပဲ consume လုပ်ဖြစ်တယ်။ နောက်ပိုင်း စာဖတ်တာနဲ့ အားမရတော့ပဲ သင်တန်းတွေ စတက်ဖြစ်လာတယ်။ သင်တန်းတွေမှာက ဆရာဆီက ဓာတ်ကူးမှုမြန်တယ်။ သူသိထားတာတွေကို absorb လုပ်နိုင်စွမ်းမြန်တယ်။ ဒါပေမယ့် သင်တန်းပြီးသွားရင် အမြဲကျင့်သုံးနေဖို့ စည်းကမ်းလိုတယ်။

Personal Development ပတ်သက်လို့ အပ်စိုက်ပညာကိုအခြေခံထားတဲ့ Emotional Freedom Techniques ကစလို့ NLP တို့ Hypnosis တို့ထိ ငွေကုန်ကြေးကျခံ သင်တန်းတွေတက်ပြီးလေ့လာခဲ့သလို တကယ်လဲကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ အတိုင်းထက်အလွန်ရခဲ့တယ်။ 2005 ကတည်းက အသုံးပြုခဲ့တဲ့ Gtalk က chat message ကအစ 2009 မှာ Facebook အသုံးပြုခဲ့တဲ့ဖြစ်စဥ်တွေ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်တဲ့အခါ ငါတော်တော်ပြောင်းလဲသွားတယ်ဆိုတာ သတိပြုမိလာတယ်။ ဒါတွေက personal development ကြောင့်ဖြစ်တယ်။

နောက်ဆုံးနားလည်လာတာ အတွေးအခေါ် ဘေးချော်နေရင် အရေးပေါ်ကယ်တင်မည့်လူက ကိုယ်ကိုယ်တိုင်ပဲဖြစ်တယ်။ ဒါတွေအတွက် you don’t have to reinvent the wheel ပါ။ Personal development နည်းလမ်းတွေရှိပါတယ်။

လူအများစုက ကားမောင်းတာ၊ လေယာဥ်မောင်တာ၊ ရေကူးတာ စနစ်တကျ သင်ကြပေမယ့် ကိုယ့်ကိုကိုယ် မောင်းနှင်ဖို့ သင်ယူဖို့မေ့နေကြတယ်။ Autopilot စနစ်နဲ့သွားတော့ ဘေးက မဆိုင်တဲ့အရာတွေနဲ့ တိုက်နေပြီး ရှေ့ကို ရောက်ဖို့ ကြန့်ကြာနေတတ်တယ်။ ဒါတွေကို ရှောင်ရှားဖို့ personal development ကိုလေ့လာသင့်ပါတယ်။

ဒုတိယအဆင့်မှ professional တစ်ခုမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်အောင်လုပ်ဖို့လိုတယ်။ ဒါမှ ငွေရေးအကြေးရေးအရအဆင်ပြေမယ်။ ကိုယ့်ရဲ့ self-esteem ပိုကောင်းလာမှာဖြစ်တယ်။ အကောင်းဆုံးအရာတွေကို ခံစားဖို့ တစ်သက်လုံး ဝန်ထမ်းဘဝနဲ့ အရိုးထုတ်ဖို့က မြန်မာနိုင်ငံမှာ ဖြစ်နိုင်ခြေနည်းတဲ့အတွက် နောက်ဆုံးအဆင့် ကိုယ်တိုင်လုပ်ငန်းလုပ်နိုင်ဖို့ business development ကိုလေ့လာဖို့လိုတယ်။

ဒါကြောင့်အရာရာက Personal development ကစတင်ပါတယ်။ ဒီ concept ကို
– Personal Development
– Professional Development
– Business Development ဆိုပြီး အလုပ်ဖြစ်တဲ့ ကိုယ်လေ့လာ အသုံးချခဲ့ဖူးတဲ့ ပညာရပ်တွေနဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ ပူးပေါင်းပြီး Toetet.com မှာ online က လေ့လာနိုင်အောင် စီစဥ်ပေးဖြစ်တယ်။

အပြောင်းအလဲ တစ်ခု ကြီးကြီးမားမားလုပ်ချင်ရင် Personal Development က စတင်လေ့လာပါ။

Phyo Paing @ Derek

Share Your Idea!​