ဒီလပိုင်း Identity အသစ်တည်ဆောက်တော့
ကိုယ့်ကိုကိုယ် ပြောနေတဲ့ စကားလုံးတွေကို
ပြန်လည် ဆန်းစစ်ပြုပြင်ရတယ်။
ငါ ထမင်းမစားရရင်မနေနိုင်ဘူး။
လမုန့်အရမ်းကြိုက်တယ်။
ငါ ခေါက်ဆွဲမစားရရင်မနေနိုင်ဘူး။
ဘီယာအရမ်းကြိုက်တယ်။
ငါ Gym သွားရင် ပင်ပန်းပြီး အလုပ်တွေ
ပြီးသင့်သလောက်မပြီးဘူး။
အစရှိတဲ့ စကားလုံးတွေသွားတွေ့တယ်။
အဲ့တော့ ဘာပြန်လုပ်ရလဲဆို
စကားလုံးအချို့သုံးပြီး identity ကို
ပြန်လည်ပြုပြင်ယူရတယ်။
ငါ အရင်က ______________
ဒါပေမယ့် အခုတော့ ____________
ဘာကြောင့်လဲဆိုတော့ ______________
ဒီ phrase သုံးခုသုံးကြည့်တယ်။
တော်တော်လေး ထိရောက်တယ်။
ဥပမာ
ငါအရင်က gym သွားရင် ပင်ပန်းပြီး
အလုပ်တွေပြီးသင့်သလောက် မပြီးဘူးလို့
ထင်ခဲ့တယ်။
ဒါပေမယ့်အခုတော့ စနစ်တကျလုပ်ရင်
အလုပ်တွေ ပိုပြီးတာကိုတွေ့ရတယ်။
ဘာကြောင့်လဲဆိုတော့
ကမ္ဘာပေါ်မှာရှိတဲ့ အောင်မြင်တဲ့သူတွေလဲ
အမြဲ workout လုပ်နေကြတာပဲ။
ငါအရင်က ထမင်းဆိုမစားပဲမနေနိုင်ဘူး။
ဒါပေမယ့်အခု ထမင်းဆို မစားချင်တော့ဘူး။
ဘာကြောင့်လဲဆိုတော့ ကာဘိုဟိုက်ဒရိုက်လျော့စားတာ
ကျန်းမာရေးအတွက် ပိုကောင်းတယ်လေ။
ဒီစနစ်ကို language learning မှာလဲသုံးလို့ရတယ်။
ဥပမာ ငါ အင်္ဂလိပ်လိုသိပ်မပြောတတ်ဘူး။
ဒီလို identity နဲ့ ကိုယ်နဲ့တွဲနေရင်
စာက မတတ်တော့ဘူး။
ကျွန်မက English စာအားနည်းတယ်။
ငယ်ငယ်က ကောင်းကောင်းမသင်ခဲ့ရဘူးလေ။
ဒါက အဓိပ္ပာယ် မရှိတဲ့စကား။
အရင်က ကျွန်မ English စာအားနည်းခဲ့တယ်။
ဒါပေမယ့် အခုတော့ တဖြည်းဖြည်းတိုးတက်လာပြီ။
မကြာခင်တော့ ကောင်းကောင်း ဖတ်တတ်၊
ပြောတတ်လာတော့မယ်။
ဘာကြောင့်လဲဆိုတော့ ကျွန်မက ကိုယ့်ကိုကိုယ်
အမြဲတိုးတက်အောင် လုပ်နေတဲ့သူတစ်ယောက်လေ။
ဒီ phrase သုံးခုသုံးပြီး Mind ကို Max ကြည့်ပါ။
Phyo Paing @ Derek