ဆင်တွေက လူထက်အင်အားပိုကြီးတယ်။
မြင်းတွေက အပြေးပိုမြန်တယ်။
လူတွေက တိရစ္ဆာန်တွေကြားမှာ
ဥာဏ်ပိုကောင်းတယ်။
ဥာဏ်ဆိုတဲ့နေရာမှာ ပြဿနာအဖြေရှာနိုင်စွမ်း။
ပြဿနာအဖြေရှာတဲ့နေရာမှာ
တွက်ချက်မှုကစလို့၊
ပြောဆိုပေါင်းသင်းမှု၊
ပူးတွဲအလုပ်လုပ်ဆောင်နိုင်မှု၊
ပြန်လည်ဆန်းစစ်ပြီး
အနာဂတ်ကို ကြိုတင်စီမံနိုင်မှုတွေပါဝင်တယ်။
ဒီဥာဏ်ကို အသုံးပိုပြုနိုင်အောင်
ဘိုးဘေးဘီဘင်ကတဆင့်
အသိပညာတွေကို လက်ဆင့်ကမ်းခဲ့ကြတယ်။
ဒါတွေကို စာအုပ်အနေနဲ့ရေးခဲ့ကြတယ်။
ဒါကို စနစ်တကျပြန်သင်ပေးဖို့
ကျောင်းတွေ ဖွင့်ကြတယ်။
တက္ကသိုလ်တွေ ဖြစ်လာတယ်။
လိုချင်တာရဖို့ ပြဿနာဖြေရှင်းဖို့လိုတယ်။
ဥာဏ်ဆိုတာ ပြဿနာဖြေရှင်းဖို့။
ဥာဏ်ကို တိုးတက်ဖို့ ပညာသင်တယ်။
ကမ္ဘာကြီးကို မပြောင်းလဲနိုင်ရင်တောင်
ကိုယ့်ရပ်ကိုယ့်ရွာကို မပြောင်းလဲနိုင်ရင်တောင်
ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲဖို့
ဥာဏ်ပညာလိုတယ်။
Phyo Paing @ Derek