ကိုယ့်ကိုယ်ကို ငြိမ်းချမ်းရေးယူဖို့
မေ့ထားလို့မရဘူး။
လူတွေမှာ ဇောတွေရှိတယ်။
ဇောဆိုတဲ့ ခက်ဆစ်အဓိပ္ပာယ်က
အရှိန်အဟုန်ဖြင့်ဖြစ်သောစိတ်တဲ့။
တချို့က လောဘဇော။
တချို့က ဒေါသဇော။
တချို့က မာန်မာနဇော။
တချို့က မောဟဇော။
ဇောတွေနဲ့ လောလောပြီးကနေတဲ့
လောကမှာ မေ့ထားလို့မရတဲ့အရာက
ကိုယ့်ကိုယ်ကို ငြိမ်းချမ်းရေးယူဖို့ပဲ။
တချို့ဇောတွေက အရှိန်တင်ဖို့လိုတယ်။
တချို့ဇောတွေက ဘရိတ်အုပ်ဖိုလိုတယ်။
အရေးကြီးတာ ဇောတွေရဲ့
ထိန်းချုပ်မှုမှာ သတိ၊ အသိလိုတတ်တယ်။
Phyo Paing @ Derek