ဘဝမှာ အရေးအကြီးဆုံးက
ကိုယ့်ကိုယ်ကိုရဲ့ လေးစားမှုပဲ။
တခြားသူတွေရဲ့ အထင်အမြင်ထက်
အဆ ၁၀၀ မက အရေးကြီးတယ်။
အချိန်တွေ အလဟသ ဖြုန်းလိုက်ရင်
ကိုယ့်ကိုကိုယ် မလေးစားဘူး။
လုပ်မယ်လို့ ဆုံးဖြတ်ထားပြီး
ပျင်းလို့ မလုပ်လိုက်နိုင်ရင်လဲ
မလေးစားဘူး။
ဒါမလုပ်သင့်ဘူးလို့စဥ်းစားလိုက်တယ်။
ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ပဲ
လုပ်မိရင်လဲ မလေးစားဘူး။
ဇွဲမရှိပဲ ခဏလေးလက်လျော့သွားရင်လဲ
မလေးစားဘူး။
အချိန်မလေးစားရင်လဲ မလေးစားဘူး။
ဘာဖြစ်ချင်မှန်းမသိ
အလေလိုက်နေရင်လဲ မလေးစားဘူး။
အားနာပြီး ကိုယ်ပြောချင်တာကိုမပြော
လုပ်ချင်တာ မလုပ်လိုက်ရင်လဲ မလေးစားဘူး။
နေ့စဥ် ကိုယ့်အသက်မွေးဝမ်းကြောင်းပညာကို
မလေ့လာဖြစ်ရင်လဲ မလေးစားဘူး။
ကိုယ့်ကိုယ်ကို လေးစားတဲ့အလုပ်တွေ
နေ့စဥ်လုပ်နေဖို့လိုတယ်။
Phyo Paing @ Derek