Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်တာဝန်ဖြစ်တဲ့
၅၀% ကို အပြည့်ယူဖို့လိုတယ်

ဘဝမှာ ထိန်းချုပ်လို့ရတာနဲ့
ထိန်းချုပ်လို့မရတာရှိတယ်။
ဒါကြောင့် ကိုယ့်တာဝန်ဖြစ်တဲ့
၅၀% ကို အပြည့်ယူဖို့လိုတယ်။

ဒီလိုလေးစဉ်းစားလို့ရမလားမသိဘူး။
C. Ronaldo က ဘောလုံးမှာ
သူ့ကျွမ်းကျင်မှုကို မေးခွန်းထုတ်ဖို့မလိုအောင်
အားလုံးအသိအမှတ်ပြုကြတယ်။
အဲ့လိုကျွမ်းကျင်အောင်လဲ
ဘယ်လိုလေ့ကျင့်လဲ အားလုံးသိပြီးသားပဲ။
သူ့ကိုကြိုက်တာ မကြိုက်တာ
မက်ဆီနဲ့နှိုင်းယှဉ်တာက တစ်ပိုင်းပဲ။

ဘောလုံးက team sports ဖြစ်တဲ့အတွက်
ကမ္ဘာ့ဖလားရ၊ မရကတော့
သူ့ထိန်းချုပ်မှုအောက်မှာ အကုန်မရှိဘူးလို့
သေချာတွေးကြည့်ရင် စဉ်းစားလို့နိုင်လောက်တယ်။

အဓိကပြောချင်တာက
ကိုယ့်တာဝန် ၅၀% ကို အပြည့်ယူပြီး
ကျန်တဲ့ ၅၀% ကို ကံတရားက
အဆုံးအဖြတ်ပေးတာကို လက်ခံလိုက်တာ
ကောင်းတယ်လို့ထင်တယ်။

Phyo Paing @ Derek

Share Your Idea!​