Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်ဘဝ ကိုယ်နဲ့အဓိကဆိုင်တယ်။

ဒီခံယူချက်ထားမှပဲ
ကိုယ့်ဘဝကိုယ် တာဝန်ယူနိုင်မယ်။

ကမ္ဘာပေါ်မှာ လူပေါင်း
သန်း ၈ ထောင်ကျော်မှာ
ကိုယ်တစ်ယောက်တည်း
ဒုက္ခရောက်နေတာမဟုတ်ဘူး။

ဘဝဒုက္ခတွင်းထဲက ထွက်ချင်ရင်
ကယ်တင်ရှင်ရှာနေလို့မရဘူး။

ဒါကြောင့် ကိုယ့်အားကိုယ်ကိုးမှပဲရမယ်။

ဘဝမှာ ကြုံတွေ့ရတဲ့ဒုက္ခ အထူအပါးက
ပေးထားတဲ့ အခြေအနေကို
“နားလည် သဘောပေါက်မှု”နဲ့ ဆိုင်တယ်။
ယုံကြည်မှုတစ်ခုတည်းနဲ့
လုပ်လို့မရတာမျိုးဖြစ်တတ်တယ်။

၁၀ ထပ်တိုက်ပေါ်က ခုန်ချမယ်။
ဘာမှ မဖြစ်ဘူးလို့ ယုံကြည်တယ်။
ခုန်ချ သေမှာပဲ။

သဘာဝတရားကို သေချာ
နားလည်သဘောပေါက်ဖို့လိုတယ်။
ဒါကို ဗုဒ္ဓက မဂ္ဂင်ရှစ်ပါးမှာလဲ
သမ္မာဒိဋ္ဌိ 
မှန်သော အယူအမြင်ရှိရမယ်လို့ဟောကြားခဲ့တယ်။

လောကသဘာဝ နိယာမတွေသိအောင်
ရူပဗေဒ physics ကိုသင်ကြားလေ့လာခဲ့တယ်။
မတူညီတဲ့ ဒြပ်စင်တွေ ဓာတ်ပြုတာသိဖို့
ဓာတုဗေဒ chemistry ကို လေ့လာတယ်။
လူသဘောမနော လူ့အကြောင်းနားလည်ဖို့
စိတ်ပညာ psychology လေ့လာတယ်။
ပြဿနာပုစ္ဆာတွေ အဖြေရှာတတ်ဖို့
သင်္ချာ maths လေ့လာတယ်။

လူတိုင်းဘဝမှာ မွေးကတည်းက
ပေးထားချက်ရှိတယ်။
ဘဝရဲ့ အခြေအနေကြောင့်
ပေါ်ပေါက်လာတဲ့
မေးထားချက်တွေရှိတယ်။

ဘဝရဲ့ ပေးထားချက်နဲ့
အခြေအနေရဲ့ မေးထားချက်ပေါ်မူတည်ပြီး
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကြား
ရွေးချယ်မှုပြုလုပ်ရတယ်။

မှန်ကန်တဲ့ရွေးချယ်မှုပြုလုပ်နိုင်ဖို့
ပေးထားချက်နဲ့ မေးထားချက်ကို
သေချာ သဘောပေါက်ဖို့လိုတယ်။

ကိုယ်ယုံကြည်တဲ့ အဖြေနဲ့
ပုစ္ဆာကို ဖြေရှင်းနေလို့
အဖြေမှန်ရဖို့ မလွယ်နိုင်ဘူး။

အဓိက ကတော့
ကိုယ့်ဘဝအတွက်
ကိုယ်တိုင်တာဝန်ယူပြီး၊
အခြေအနေတွေကို
သေချာနားလည်အောင်လေ့လာကာ
မှန်ကန်တဲ့ရွေးချယ်မှုတွေ
ပြုလုပ်သွားဖို့ ဖြစ်ပါတယ်။
တခြားသူတွေကို အားကိုးနေမယ့်အစား
ကိုယ့်ကိုယ်ကို ယုံကြည်မှုထားပြီး
ရှေ့ဆက်သွားဖို့ပါပဲ။

Phyo Paing @ Derek

Share Your Idea!​