ကိုယ့်ကိုကိုယ် ပြန်လည်ဆန်းစစ်မှုမရှိ၊
ကိုယ့်ကိုကိုယ် သေချာမသိ
Self-awareness မရှိရင်
ဟိုဟာလဲလုပ်ချင်၊ ဒီဟာလဲလုပ်ချင်
အခွင့်အရေးတွေ့တိုင်း ပါဝင်တဲ့
shinning object syndrome ဖြစ်နေမှာ။
လောကမှာ အခွင့်အလမ်းတွေက အများကြီးတယ်။
အရေးကြီးတာ ဘယ်အခွင့်အလမ်းက
ငါနဲ့ ဆိုင်လဲ၊ ဘယ်အရာက ကိုယ်နဲ့ လက်လမ်းဝေးလဲ
သေချာ သိဖို့နဲ့
ကိုယ်နဲ့ဆိုင်တာကို ဇောက်ချလုပ်ဖို့ပဲ။
ကိုယ်ဘာလုပ်မယ်၊ ကိုယ်ဘာမလုပ်ဘူး။
ကိုယ်ဘာအားသာတယ်၊ ဘာအားမသာဘူး။
ကိုယ့်ဘဝသွားနေတဲ့ လမ်းကြောင်းကဘာ၊
ဘယ်လမ်းကြောင်းက ကိုယ်ရွေးချယ်တဲ့လမ်းမဟုတ်ဘူး
သေချာ သိဖို့က အရေးကြီးတယ်။
ဘဝမှာ အချိန်နဲ့ energy က
အကန့်အသတ်ရှိတယ်။
ဖင်လှည့်ခေါင်းလှည့်နဲ့ အခုပဲ ၂၀၂၃ မှာ
ခြောက်လက ကုန်သွားပြီ။
လေဆာလို ကိုယ့်ရည်မှန်းချက်တစ်ခုတည်းကို
သေချာ အာရုံစိုက်ထားဖို့လိုတယ်။
ရည်မှန်းချက်ကို သွားတဲ့လမ်းကြောင်းကို
ပြောင်းလို့ ရတယ်။
အိမ်မက်တွေ
ရည်မှန်းချက်ကို သွားပြောင်းလို့မရဘူး။
ကိုယ့်ရဲ့ သမိုင်းပေးတာဝန်ဘာလဲ
ပြတ်ပြတ်သားသားသိရင်
အခွင့်အလမ်းတိုင်းကို လွတ်သွားမှာ
ကြောက်တဲ့စိတ်မရှိတော့ဘူး။
Phyo Paing @ Derek