Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်ရဲ့ အဓိက က ဘာလဲ။

အချစ်ခံ၊ ချီးကျူးခံ၊
အားပေးခံ၊
ဖော်ရွေခံ ရပြီး
ဒါကိုအရမ်းခံစားနေရင်
တနေ့ အချစ်မခံရတော့တဲ့အခါ၊
ချီးကျူးမခံရတော့တဲ့အခါ၊
အားပေးမခံရတော့တဲ့အခါ၊
မဖော်ရွေမခံ လျစ်လျူရှုခံရတဲ့အခါ
ခံစားရလိမ့်မယ်။

ဒါကြောင့် အကောင်းဆုံးက
လူတွေရဲ့ အပြူအမူ
လူတွေ ကိုယ့်ကိုဆက်ဆံတဲ့အပေါ်
အရမ်းခံစားမနေပဲ
ကိုယ့်ရဲ့ အဓိက က ဘာလဲ။
ဒါကို အဓိက စဥြးစား
လုပ်ဆောင်တာပိုကောင်းနိုင်တယ်။

ကိုယ်နဲ့အမြဲတမ်းရှိနေတဲ့အရာက
ကိုယ့်ရဲ့ ကျန်းမာရေး၊
အလုပ်မှာ ကျွမ်းကျင်မှုနဲ့ ဥာဏ်ပညာ၊
ငွေကိုအမြဲပွားနေစေနိုင်မည့် စကေး၊
ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲပြီး
စိတ်အေးချမ်းမှု။

ကိုယ်အကောင်းဆုံးပေးနိုင်တာကိုပေးလိုက်။​
ကျန်တဲ့အရာတွေကို
မှန်ကန်တဲ့ ဆုံးဖြတ်ချက်ထား။

လောကဓံရှစ်ပါးကို နှလုံးသွင်း။​

(၁) လာဘ – လာဘ် ပေါများ၍ တက်ကြွတုန်လှုပ်ခြင်း၊
(၂) အလာဘ – လာဘ်နည်း၍ညှိုးငယ်တုန်လှုပ်ခြင်း။
(၃)ယသ – အခြံအရံများ၍တက်ကြွတုန်လှုပ်ခြင်း၊
(၄) အယသ – အခြံအရံနည်း၍ ညှိုးငယ် တုန်လှုပ်ခြင်း၊
(၅) ပသံသာ – ချီးမွမ်းခံရ၍ ဝမ်းမြောက်တုန်လှုပ်ခြင်း၊
(၆) နိန္ဒ – အကဲ့ရဲ့ခံရ၍ဝမ်းနည်း တုန်လှုပ်ခြင်း၊
(၇) သုခ – ချမ်းသာကိုစွဲ၍ ဝမ်းသာတုန်လှုပ်ခြင်း၊
(၈) ဒုက္ခ – ဆင်းရဲကိုစွဲ၍ ညှိုးငယ်ပူပြင်း စိုးရိမ်တုန်လှုပ်ခြင်း။

Phyo Paing @ Derek

Share Your Idea!​