ဘယ်မှာနေမယ်၊ ဘာအလုပ်လုပ်မယ်၊
ဘယ်သူတွေနဲ့ပေါင်းမယ်၊
ဘာစာအုပ်တွေဖတ်မယ်၊
ဘဝကို ဘယ်လိုပုံစံနေထိုင်မယ်၊
ဒီရွေးချယ်မှုတွေရဲ့ရလဒ်ပဲ။
တချို့က ဒါကို သေချာဒီဇိုင်းလုပ်တယ်။
တချို့က ဖြစ်သလိုနေတယ်။
နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလိုနေတာက အချိန်တစ်ခုထိပဲကောင်းတယ်။
ကိုယ့်ဘဝ ကိုယ်မှ တာဝန်မယူရင်
ဘယ်သူမှ လာယူပေးမှာမဟုတ်ဘူး။
ရွေးချယ်မှုကောင်းတွေလုပ်နိုင်ဖို့
ကျွန်တော်စဥ်းစားနေ P နှစ်လုံးရှိတယ်။
တစ်ခုက Possibility ဖြစ်နိုင်ခြေ၊
နောက်တစ်ခုက Probability ဖြစ်နိုင်စွမ်း။
ကြိုးစားရင် ဘုရားတောင်
ဖြစ်နိုင်တယ်လို့ဆိုကြတယ်။
ဒါက ဖြစ်နိုင်ခြေ possibility.
ကျောက်တူးရင်း ကျောက်အောင်နိုင်တယ်။
နည်းပညာလုပ်ငန်းလုပ်ပြီးလဲ
ကိုယ်လိုချင်တဲ့ နေ့စဥ်အသုံးပြုသူရနိုင်တယ်။
ဒါပေမယ့်ပြန်စဥ်းစားရမှာ
ဖြစ်နိုင်စွမ်း probability.
ဘယ်လောက်ဖြစ်နိုင်လဲ။
ရာခိုင်နှုန်းအားဖြင့်။
ရေခံမြေခံ ကာလံဒေသံနဲ့လဲဆိုင်နိုင်တယ်။
အချိန်နဲ့လဲ ဆိုင်နိုင်တယ်။
ဒီနှစ်ခုကို ချိန်ငြိစဥ်းစားပြီးရင်
ကိုယ့်အနေနဲ့ probability ဖြစ်နိုင်စွမ်းတွေကို
မြင့်အောင်၊ များအောင်
ဘာတွေလုပ်ဆောင်လို့ရမလဲ
စဥ်းစားကြည့်လို့ရတယ်။
ဒီအပေါ်မူတည်ပြီး ရွေးချယ်မှုပြုလုပ်တယ်။
နေ့စဥ်ကိုယ့်ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့
မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ
ချနိုင်လေလေ၊
ပိုပျော်၊ ပိုလွတ်လပ်၊ ပိုတိုးတက်၊
ပိုရင်ခုန်ပြီး၊ ပိုလတ်ဆတ်တဲ့ဘဝ
ဖြတ်သန်းရလေလေပဲ။
Phyo Paing @ Derek