Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်လုပ်ငန်းဘာကြောင့်
ဖရိုဖရဲ စီမံခန့်ခွဲမှုလုပ်မရသလဲ။

ကိုယ့်လုပ်ငန်းဘာကြောင့်
ဖရိုဖရဲ စီမံခန့်ခွဲမှုလုပ်မရသလဲ။

၁။ ချရေးထားတဲ့ လုပ်ငန်းဖွဲ့စည်းပုံမရှိလို့
၂။ ချရေးထားတဲ့
ဝန်ထမ်းတစ်ယောက်ချင်းစီက ဘာမျှော်လင့်တယ်၊
ဘာလိုချင်တယ်၊ ဘာလုပ်ပေးရမယ်၊
ဘာပြန်ပေးမယ်ဆိုတဲ့ စာရွက်စာတမ်းမရှိလို့
၃။ ပိုင်ရှင်ကိုယ်တိုင် စီမံခန့်ခွဲမှုကို
အချိန်ပေးမလေ့လာဖူးလို့။
၄။ PAR လို့ခေါ်တဲ့ planning စီမံကိန်းချခြင်း
action လုပ်ဆောင်ခြင်း
reporting ပြန်လည်တင်ပြခြင်း ဖြစ်စဥ်မရှိလို့။
၅။ ဘယ်လမ်းကြောင်းကို သွားနေလဲဆိုတဲ့
ရည်မှန်းချက်ပန်းတိုင် တိတိကျကျ
ချရေးထားတာမရှိလို့
၆။ ငါ့တို့လုပ်ငန်းမှာ အလုပ်လုပ်ရင်
ဘယ်လိုပုံစံမျိုး ပြုမူနေထိုင်ပြောဆိုရမယ်၊
တန်ဖိုးထားမှုတွေက ဘာဆိုတာ
ချရေးထားတာ၊ တစ်လလေးခါအနည်းဆုံး
အသိပေးတာမရှိလို့။
၇။ လူခန့်တဲ့နေရာမှာ အချိန်ပေးမရွေးချယ်လို့။
၈။ ကိုယ့်လုပ်ငန်းမှာ လူတွေအလုပ်လာလုပ်ချင်အောင်
ကိုယ့်လုပ်ငန်းကို လူတွေစိတ်ဝင်စားအောင်
လုပ်ဆောင်တဲ့ နည်းစနစ် မရှိ၊ မသိ၊ မလုပ်လို့။
၉။ ဝန်ထမ်းတွေအနေနဲ့
လုပ်ငန်းမှာ လုပ်ဆောင်နေရတာ ဂုဏ်မယူလို့။
၁၀။ ပိုင်ရှင်ရဲ့ သြဇာအာဏာမသက်ရောက်လို့။
၁၁။ နည်းပညာအသုံးချနိုင်စွမ်းနည်းလို့
၁၂။ မီတင်လုပ်တဲ့အခါ ဘယ်ပြီးဘာသွားမယ်
format မရှိလို့။
၁၃။ ဘယ်သူဘာလုပ်မလဲဆိုတာ ပြန်လည်
ကြီးကြပ်မည့်သူ တိတိကျကျမရှိ၊
အရေးယူမှုမရှိလို့။
၁၄။ ဘူကောင် ဝန်ထမ်းရှိပြီး
သူ့အတွေးအခေါ်က တိုက်စားသွားတဲ့အခါ
လုပ်ငန်းယဥ်ကျေးမှု ဘူသွားလို့
၁၅။ ကိုယ့်လုပ်ငန်းရဲ့ စီးပွားရေးပုံစံ
Business model ကို သေချာမစဥ်းစားပဲ
စျေးကွက်မှာလုပ်တာကို လိုက်လုပ်လို့။
၁၆။ လုပ်ငန်းမှာ ဘာပြီးဘာလုပ်မယ်ဆိုတဲ့
workflow တွေ တိတိကျကျ ဆွဲထားတာမရှိလို့။
၁၇။ လုပ်ငန်းမှာ ပြဿနာဖြေရှင်းနိုင်စွမ်း
လူတွေ နည်းနေလို့

အများကြီးတော့ ဆက်ရေးသွားလို့ရတယ်။
ဒါတွေကတော့ လုပ်ငန်းရှင်တွေ
အများစုကြုံတွေ့နေရတဲ့
စီမံခန့်ခွဲမှုလုပ်တဲ့အခါ ဖြစ်တဲ့
ပြဿနာ အရင်းအမြစ်ပဲ။

Mini-MBA ထဲက သင်တန်းသူတစ်ယောက်
မေးထားတာကို ချရေးထားကြည့်တာ။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay

Share Your Idea!​