ဘဝမှာ ကိုယ်သတ်မှတ်ထားတဲ့
စံနှုန်းတွေကို အများကြီးနိမ့်ချပြီး
ကိုယ်ချစ်တဲ့လူတစ်ယောက်အတွက်
စတေးခဲ့ရတဲ့ အချိန်တွေ
လူတိုင်းမှာ ရှိတတ်ကြတယ်။
နောက်ပြီး အချိန်တစ်ခုရောက်တဲ့အခါ
မထူးဇာတ်ခင်းတာ ပြဿနာဖြေရှင်းတာ
မဟုတ်ဘူးဆိုတာ သိလာတဲ့အချိန်တစ်ခုရှိတယ်။
ဘဝမှာ တန်ဖိုးအရှိဆုံးက အချိန်တွေပဲ။
ကိုယ်သတ်မှတ်ထားတဲ့ စံနှုန်းတွေကို
ရိုက်ချိုးလိုက်ဖို့ ဘယ်တော့မှ မစဥ်းစားနဲ့။
လူတစ်ယောက်ရဲ့ တန်ဖိုးက
သူ့ကိုယ်သူ သတ်မှတ်ထားတဲ့ စံနှုန်းပဲ။
ကိုယ့်ကိုကိုယ် ဘယ်လိုမြင်တယ်။
ကိုယ်ဘယ်သူ၊ ဘာလုပ်၊
ကိုယ့်ကို ဘယ်လိုဆက်ဆံရမယ်
ဒါက စံနှုန်းပဲ။
Phyo Paing @ Derek