မွေးကတည်းက လမ်းလျှောက်သင်ရတယ်။
နောက် စကားပြောသင်ရတယ်။
စာရေးသင်ရတယ်။
လူတွေနဲ့ ပြောဆိုဆက်ဆံတတ်ဖို့သင်ရတယ်။
သင်္ချာ၊ ဓာတု၊ ရူပ၊ သမိုင်းသင်ရပြန်တယ်။
အလုပ်ခွင်ဝင်ဖို့ အတတ်ပညာသင်ရပြန်တယ်။
ကျောင်းမှာ မသင်ခဲ့တဲ့ပြဿနာတွေကို
ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ ပညာရပ်တွေကို
ဘဝ တက္ကသိုလ်က သင်ပေးပြန်တယ်။
ကျောင်းတက်တုန်းက တစ်တန်းပြီး
တစ်တန်းတက်ဖို့ ကျောင်းသင်ခန်းစာတွေ
ပြီးမြောက်အောင်မြင်ဖို့ ဆရာမတွေက
train ပေးတယ်။
ဘဝတက္ကသိုလ်ထဲမှာကျတော့
train ပေးမည့်သူမရှိတဲ့အခါ
နောက်တစ်ဆင့်တက်ဖို့ train လုပ်ဖို့
မေ့နေပြီး ရောက်နေတဲ့အတန်းမှာ
ပျော်နေတတ်ကြတယ်။
ဘဝတက္ကသိုလ်မှာတော့
ကိုယ့်ကိုကိုယ်သာ ကိုးကွယ်ရာပဲ။
ကိုယ့်ဘဝရဲ့ တစ်ရက်သာအတွက်
training curriculum ကိုယ်တိုင်ဆွဲရတယ်။
ကျန်းမာရေး၊ ကျွမ်းကျင်မှုတိုးတက်ရေး၊
အသိပညာတိုးတက်ရေး၊ ဝင်ငွေတိုးတက်ရေး၊
အရာရာ ကိုယ်နဲ့ပဲဆိုင်တယ်။
Phyo Paing @ Derek