Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ်က ကျန်းမာနေတယ်ဆိုရင်
ဒါက ဘဝက ပေးတဲ့လက်ဆောင်တစ်ခုပဲ။

အတိတ်ကို ခဏမေ့ပြီး၊
အနာဂတ်ကို မစဥ်းစားပဲ။
ပစ္စုပ္ပန်မှာ အသက်ရှင်နေတာကို
အချိန်လေး ခဏပေးပြီး
ခံစားကြည့်ကြည့်ရင်
ရှင်သန်ခြင်းရဲ့ မတူညီတဲ့
အတွေ့အကြုံတစ်ခုကို
ပြန်တွေ့ပါလိမ့်မယ်။

ကမ္ဘာပေါ်မှာ မျက်စိမမြင်တဲ့သူတွေ၊
အလင်းအပြည့်မမြင်တဲ့သူတွေ၊
နားမကြားတဲ့သူတွေ၊
အနာရောဂါတွေနဲ့
သေခြင်းတရာကို စောင့်နေရတဲ့သူတွေ
အများကြီးရှိတယ်။

ကိုယ်က ကျန်းမာနေတယ်ဆိုရင်
ဒါက ဘဝက ပေးတဲ့လက်ဆောင်တစ်ခုပဲ။

ဒီလက်ဆောင်ကို အသုံးပြုပြီး
တခြားသူတွေအတွက်
ဘာပိုကောင်းတာတွေ ပြန်ဖန်တီးပေးမလဲ
စဥ်းစားကြည့်မိတယ်။

Phyo Paing @ Derek

Share Your Idea!​