Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ်က လုပ်ငန်းတစ်ခုကို
ဦးဆောင်နေတဲ့သူဆိုရင်

ကိုယ်က လုပ်ငန်းတစ်ခုကို
ဦးဆောင်နေတဲ့သူဆိုရင်
ဘယ််လမ်းကြောင်းသွားမလဲဆိုတဲ့
direction ချပေးဖို့အရေးကြီးတယ်။

ဘယ်လိုနည်းနဲ့သွားမလဲဆိုတာကို
တိတိကျကျ ပြတ်ပြတ်သားသား
ချမှတ်ပေးဖို့လိုတယ်။

တန်ဖိုးထားမှုတွေကဘာလဲ၊
ညိနှိုင်းလို့မရတဲ့ စည်းကမ်းနဲ့
လုပ်ရပ်တွေက ဘာဖြစ်မလဲ
ပြတ်ပြတ်သားသားချမှတ်ထားဖို့လိုတယ်။

လုပ်ငန်းဆောင်တာတစ်ခုကို
ဘယ်လိုအဆင့်တွေနဲ့
အကောင်အထည်ဖော်မယ်။
ဘယ်လိုနည်းနဲ့ အကောင်အထည်မဖော်ဘူး
သတ်မှတ်ထားဖို့လိုတယ်။

နောက်ကိုယ့် အဖွဲ့အစည်းကို
ဝင်ရောက်မည့်လူတွေရဲ့
ပုံပန်းသဏ္ဌာန်၊ အကျင့်စရိုက်ပုံစံကို
ကြိုတင်သတ်မှတ်ထားဖို့လိုတယ်။
ဝန်ထမ်းအမြန်အလိုရှိသည်နဲ့
မပြီးသွားဘူး။

နောက်ကျွမ်းကျင်မှုရှိပြီးသားလူတွေကို
ခေါ်သလို၊
ကျွမ်းကျင်မှုလုံးဝမရှိသေးတဲ့သူတွေကို
အဆင့်ဆင့်သင်သွားပေးတဲ့
သင်ကြားမှုစနစ်လိုတယ်။
လက်တင်သုံးတွေပဲ သုံးပြီး
လုပ်ငန်းကို တည်ဆောက်လို့မရဘူး။
စစ်တိုက်တတ်တဲ့သူတွေရှိဖို့လိုသလို
ဘာမှမတတ်သေးတဲ့သူကို
ကိုယ့်လုပ်ငန်းစနစ်ကိုအသုံးချတတ်သွားအောင်
သင်ကြားပေးနိုင်တဲ့ စနစ်ရှိဖို့လိုတယ်။
ဒါက functional area လို့ခေါ်တဲ့
department ဌာနတိုင်းမှာရှိဖို့လိုတယ်။

လုပ်ငန်းရဲ့လည်ပတ်ပုံကိုထိန်းကျောင်းဖို့
ဘယ်သူကို ဘယ်အလုပ်ကိုဘယ်လိုပုံစံလုပ်ပြီး
ဘယ်သူ့ကို အကြောင်းကြားအစီရင်ခံရမယ်၊
ဘယ်သူကတော့ ဘယ်သူ့ကိုညွှန်ကြားပြီး
ကြီးကြပ်ရမယ်ကို သတ်မှတ်ထားဖို့လိုတယ်။

ဒါကတော့ လုပ်ငန်းတစ်ခုလည်ပတ်ဖို့အတွက်
လုပ်ငန်းယဥ်ကျေးမှု Culture
တည်ဆောက်တဲ့အခါ မရှိမဖြစ်
လုပ်ဆောင်ရမည့် S ခုနှစ်လုံးဖြစ်တယ်။

ဒါကို McKinsey’s Consultant Firm က
တည်ထွင်ခဲ့ပြီး 7S framework လို့ခေါ်တယ်။

Shared Values တန်ဖိုးထားမှု
Strategy မဟာဗျူဟာ
Structure ဖွဲ့စည်းပုံစံ
System စနစ်
Style ခေါင်းဆောင်မှုပုံစံ
Staff ဝန်ထမ်း
Skills ကျွမ်းကျင်မှု

အပေါ်က Strategy, Structure, System ကို
Hard elements အမာထည်လို့ခေါ်ပြီး
အောက်က Style, Staff, Skills ကို
ကိုင်သွယ်တဲ့အခါ နူးညံ့လို့ Soft elements
အပျော့ထည်လို့ခေါ်တယ်။

လုပ်ငန်းရဲ့ top level management မှာ
သွားမည့် Strategic guideline သေချာ
ချထားဖို့လိုသလို၊
department ဌာန တိုင်းမှာလဲ
မဟာဗျူဟာရှိရမယ်။

ဥပမာ HR ဌာန မှာ top talent
လူတော်တွေ ကိုယ့်ဆီလာအောင်
ဘယ်လို မဟာဗျူဟာနဲ့
ဆွဲဆောင်မလဲ employer branding တို့၊
မတူညီတဲ့ initiative တွေနဲ့လုပ်ဆောင်ရတယ်။
Marketing ဌာန မှာလဲ
ပြိုင်ဖက်တွေထက် နှာတစ်ဖျားသာအောင်
ကိုယ့်ရဲ့ အားသာချက်ကိုအသုံးပြုတဲ့
မားကတ်တင်း မဟာဗျူဟာတွေ
တိတိကျကျ သတ်မှတ်အကောင်အထည်ဖော်ဖို့လိုတယ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​