လူတစ်ယောက်မှာလဲ
မတူညီတဲ့ နတ်တွေရှိတယ်လို့
ဥပစာပုံစံနဲ့ စဥ်းစားကြည့်ကြည့်။
တချို့နတ်တွေက နတ်ကောင်းနတ်မြတ်။
တချို့က နတ်ဆိုး။
တချို့က နတ်ပျင်း။
တချို့က နတ်ဖျင်း။
တချို့က နတ်ငပေါ။
ဒီလိုမတူညီတဲ့ နတ်တွေကို
မတူညီတဲ့အချိန်တွေမှာ လှုပ်နှိုးနိုင်ဖို့
သူတို့နဲ့ ဆက်ဆံရေးကောင်းဖို့လိုတယ်။
ဒါကို Law of Relationship လို့
နာမည်ပေးထားကြည့်တယ်။
လူတိုင်းမှာက Bright Side ရှိသလို
Dark Side လဲရှိတယ်။
Inside Out Movie ထဲကလိုပဲ။
ကိုယ်က အဲ့ဒီနတ်တွေနဲ့
ဆက်ဆံရေးကောင်းပြီး
ဘယ်အချိန်မှာ ဘယ်နတ်ကို
ခေါ်ရမလဲ၊
ဘယ်အချိန်မှာ နောက်ဆုတ်ခိုင်းရမလဲ
သိဖို့လိုတယ်။
Phyo Paing @ Derek