Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ်တည်ဆောက်နေတဲ့ အိမ်ကောင်းတစ်လုံးက
လှိုင်းလုံးတစ်ချက်ကြောင့် ကြေမွသွားနိုင်တယ်

လွန်ခဲ့တဲ့ သုံးနှစ်က
သိန်း ၁၃၀၀၀ လောက်ဆို
ဒေါ်လာနဲ့ မီလီယံနာဖြစ်ပြီ။

နောက် မီလီယံဒေါ်လာက
၂၀၂၁ နှစ်အလယ်မှာ သိန်း ၁၈၀၀၀။
နောက် သိန်း ၂၁၀၀၀။
နောင် သိန်း ၃၀၀၀၀။
အခု သိန်း ၃၄၀၀၀။
လကုန်တော့ မပြောတတ်ဘူး။

အခုက မော်ဒယ်မြင့် Lexus တောင်
သိန်း ၁၀၀၀၀ ကျော်နေပြီ။

ဒီနှစ်နှစ်၊ သုံးနှစ် အတွင်းမှာ
ကိုယ့်ဝင်ငွေ ၃ ဆ တက်လာလား
ပြန်ကြည့်ရမှာ။
သုံးဆမတတ်လာရင်
တိုးတက်နေတာ အစစ်ဟုတ်ချင်မှဟုတ်မှာ။

နောက်တစ်ခုက “savers are losers” ဆိုတာ
အမှန်ပဲ။
ငွေစုတဲ့သူတွေက ရှုံးတဲ့သူတဲ့။

ချမ်းသာဖို့တစ်ခုတည်းအတွက်ပဲစဉ်းစားပြီး
အလုပ်လုပ်မယ်ဆို
မြန်မာပြည်မှာ ချမ်းသာတဲ့သူတွေက
ဘယ်လိုလူတွေလဲ ကြည့်ကြည့်။
ဘာအလုပ်တွေ လုပ်ကြလဲ
အခု ၃၀ လောက်ချရေးကြည့်။
သူတို့ ဘယ်လိုစဉ်းစားလဲချရေးကြည့်။
ကိုယ်ဘာတွေလုပ်မလဲ ပြန်သုံးသပ်ကြည့်။

ဘာကြောင့်လဲဆိုတော့
ကိုယ့်ဆီက စီးပွါးရေးက
နိုင်ငံခြား economics သီအိုရီနဲ့
နည်းနည်းလွဲနိုင်တယ်။
နိုင်ငံတကာမှာ ကားလိုမျိုးပစ္စည်းကို
တန်ဖိုးကျသွားတာနဲ့ နှိုင်းယှဉ်ပေမယ့်
ငွေတန်ဖိုးထက် မကျသွားတော့
ကားတို့ဖက်မှာ ဝယ်ယူရင်းနှီးကြပြန်တယ်။

စျေးကွက်အသွားအလာသိတဲ့သူတွေက
မျက်ဖြူစိုက်လေ ဆရာကြိုက်လေ
ဖြစ်နေတတ်တယ်။

ကိုယ့်စီးပွါးရေး ကိုယ်လုပ်
အမှတ်တံဆိပ်တည်ဆောက်တဲ့သူရဲ့
အာရုံစိုက်မှုက
ဖောက်သည်တစ်ခုတည်းကို ကြည့်နေလို့မရဘူး။
စျေးကွက်၊ ပြိုင်ဖက်၊ နိုင်ငံစီးပွါးရေးပါပါလာတယ်။

ကိုယ်တည်ဆောက်နေတဲ့ အိမ်ကောင်းတစ်လုံးက
လှိုင်းလုံးတစ်ချက်ကြောင့် ကြေမွသွားနိုင်တယ်။

Phyo Paing @ Derek

Share Your Idea!​