Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ်ထင်တာကိုပဲ အမှန်လို့မထင်နဲ့။
အတွေးအခေါ် လိုအပ်ရင်
update လုပ်ကြည့်။

လုပ်ငန်းစလုပ်တုန်းက
အမြဲ ကြုံတဲ့ ပြဿနာက
ဝန်ထမ်းပြဿနာ။

စာအုပ်ထဲမှာပါသလို
သွားအုပ်ချုပ်လို့မရဘူး။
နောက်ပြီး ပညာအရေအချင်း၊
လူမျိုး၊ လာတဲ့နေရာ မတူရင်
စဥ်းစားပုံက မတူပြန်ဘူး။

ဝန်ထမ်းပြဿနာ ကြုံတိုင်း
ငါလေ့လာနေတယ်ဆိုတဲ့စိတ်နဲ့
လူတွေကို နားလည်နိုင်မှုကို
update လုပ်လုပ်သွားတယ်။

သင်္ချာမှာ သီအိုရီတစ်ခုရှိတယ်။
အဖြစ်အပျက်ပေါ်မူတည်ပြီး
ကိုယ့်အထင်၊ အမြင်၊ ယုံကြည်မှုကို
update လုပ်သွားတာ။
ဒါကို Bayes’ rule လို့ခေါ်ပြီး
ဘဝရဲ့ ဥပဒေသ တစ်ခုအနေနဲ့
ကျင့်သုံးဖြစ်တယ်။

ပြဿနာတစ်ခုက ထပ်ခါထပ်ခါဖြစ်ရင်
ငါယုံကြည်ထားတာ ဘာလဲ၊
ငါ့အထင်အမြင်နဲ့ တကယ်ဖြစ်နေတာကြားမှာ
ကွာဟမှု ရှိသလား။
ဘာတွေ အမြင် update လုပ်ရမလဲ။

ဘဝမှာ Bayes’ Rule (ဘေးရူး) ကို
ကျင့်သုံးကြည့်။

ကိုယ်ထင်တာကိုပဲ အမှန်လို့မထင်နဲ့။
အတွေးအခေါ် လိုအပ်ရင်
update လုပ်ကြည့်။
ဘဝကို မြင်တဲ့အမြင်
ကြည်၊ တောက်၊ ရှင်းလာလိမ့်မယ်လို့ထင်တယ်။

ဥပမာ တစ်ခုက Tik Tok မှာ
အရင် video တင်ရင်
မဆီမဆိုင် လာဆဲတတ်တဲ့သူတချို့ရှိတယ်။
Tik Tok က တောသားသုံးတာကွာဆိုပြီး
မသုံးတော့လို့ရတယ်။
ဒါပေမယ့် Harvard လို တက္ကသိုလ်ကလဲ
Tik Tok မှာ ရှိနေတယ်။
ဒါနဲ့ အဆဲသိပ်မခံရတဲ့ အကောင့်တချို့လေ့လာတယ်။
နားလည်သွားတယ်။
Video တင်ပြီးတိုင်း comment မှာ
ဒီ video လေးကို တွေ့သွားတဲ့သူတိုင်း
မင်္ဂလာရှိသောနေ့လေး ဖြစ်ပါစေလုပ်လိုက်တယ်။
ဆဲတာ မရှိသလောက် ဖြစ်သွားတယ်။ 😀

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​