ကိုယ့်အိမ်က နေရာမဟုတ်ဘူး။
လူတွေ မဟုတ်ဘူး။
ကိုယ့်ရဲ့တကယ့်အိမ်က
“စိတ်နဲ့ ခန္ဓာ” ပဲ။
ဒီစိတ်နဲ့ ခန္ဓာ အိမ်ကြီးကို
ကောင်းအောင်မတည်ဆောက်ပဲ
ကောင်းမွန်တဲ့ ဧည့်သည်ကို
ကြာကြာလာအောင်လုပ်ဖို့
မလွယ်နိုင်ဘူး။
ကိုယ်က ကျန်မာကြံ့ခိုင်တဲ့
ဧည့်သည်လာစေချင်တယ်။
စီးပွားတိုးတက်တဲ့
ဧည့်သည်လာစေချင်တယ်။
နှလုံးသားရေးရာကောင်းတဲ့
ဧည့်သည်လာစေချင်တယ်။
လူတွေမမှတ်မိအောင်တိုးတက်ပြောင်းလဲတဲ့
ဧည့်သည်လာစေချင်တယ်။
ဒါဆိုရင်တော့ ကိုယ့်ရဲ့
“စိတ်နဲ့ ကိုယ်” အိမ်ကို
သေချာတည်ဆောက်ဖို့လိုလာပြီ။
Phyo Paing @ Derek