ကိုယ်နဲ့မထိုက်တန်သေးတာကို
လိုချင်တဲ့အခါ
နာကျင်မှုဖြစ်တတ်တယ်။
ဒီနာကျင်မှုကို ကိုင်တွယ်နိုင်ပြီး
အဖြေရှာနိုင်ရင်
ထိုက်တန်သွားလိမ့်မယ်။
ကိုယ်ချစ်တဲ့သူက
ကိုယ်နဲ့ ဘဝအခြေအနေ
ကွာနေတာမျိုးဖြစ်ရင်ဖြစ်မယ်။
ကိုယ်လိုချင်တဲ့အိမ်မက်က
ကိုယ့်ထက်အရမ်းမြင့်နေတာဖြစ်ရင်ဖြစ်မယ်။
ဒီခါးသီးမှုတချို့ကို
ခါးဆီးခံပြီး
အခိုက်အတန့်တွေကို
အကောင်းဆုံးခိုင်းနိုင်ရင်
အခွင့်အခါကောင်းတွေဖြစ်လာမှာပဲ။
ဘဝမှာ ကိုယ်နဲ့မထိုက်တန်တာတွေကို
ထိုက်တန်အောင်လုပ်ခဲ့ဖူးတယ်။
ကျန်းမာကြံ့ခိုင်ရေး၊
အလုပ်စီးပွား၊
အချစ်၊ မိသားစု၊
အသိုင်းအဝိုင်း၊
တိုးတက်မှုတွေ။
မထိုက်တာတွေ
ထိုက်တန်လာအောင်
အခိုက်အတန့်တော့
နာကျင်မှုတွေနဲ့
ခဏလောက် နေရနိုင်တယ်။
ဒါက ခဏတာပါပဲ။
Phyo Paing @ Derek