လုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်တဲ့နေရာမှာ ကိုယ်ပိုင်အယူအဆတွေ ရှိဖို့ လိုတယ်။
လုပ်ငန်းရှင်တစ်ယောက်ရဲ့ ကိုယ်ပိုင်အယူအဆဟာ ကိုယ့်လုပ်ငန်းကို တခြားလုပ်ငန်းတွေနဲ့ ကွဲပြားသွားစေတယ်။
ကျွန်တော့်အနေနဲ့ကတော့ နောက်ပိုင်း ကိုယ်လုပ်တဲ့ လုပ်ငန်းတွေမှာ ဒီအယူအဆတွေ ထည့်ထားတယ်။
၁။ ကိုယ့်ရဲ့လုပ်ငန်းက လူပေါင်း ၁၀၀၀ ရဲ့ ပြဿနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်ရမယ်။
၂။ စျေးကို ကိုယ်တိုင် ထိန်းချုပ် သတ်မှတ်နိုင်ရမယ်။
၃။ လုပ်ငန်းစတင်တဲ့အချိန်မှာ အပင်ပန်းခံပြီး သတ်မှတ်ချိန်တစ်ခုရောက်ရင် ကိုယ် လုံးဝပါစရာမလိုတာမျိုး ဖြစ်ရမယ်။
၄။ ဒီနေ့ လုပ်လိုက်တဲ့အလုပ်ဟာ အနာဂတ်ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ အားဖြည့်ပေးနိုင်ရမယ်။
၅။ ကိုယ်လုပ်တဲ့ လုပ်ငန်းတိုင်းဟာ အလွယ်တကူချဲ့ထွင်နိုင်တဲ့ Scalable business ဖြစ်ရမယ်။
၆။ လူ (ဝန်ထမ်း) အသုံးပြုမှု အနည်းဆုံးနဲ့ လည်ပတ်နိုင်ရမယ်။
၇။ ကိုယ့်လုပ်ငန်းရဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုဟာ စျေးကွက်မှာ ရှိတာတွေထက် တမူထူးခြားရမယ်။
၈။ Hire for mindset, Train for skills လို့ပြောကြတယ်။ ကိုယ့်လုပ်ငန်းရဲ့ core values တန်ဖိုးထားမှုတွေနဲ့ ကိုက်ညီတဲ့သူတွေနဲ့ပဲ အလုပ်လုပ်မယ်။
၉။ လုပ်ငန်းတိုင်းမှာ Risk တွေရှိတယ်။ ဒါပေမယ့် Downside risk အနည်းဆုံးနဲ့ Upside potential အမြင့်ဆုံး ဖြစ်ရမယ်။
၁၀။ မတူညီတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေကို မတူညီတဲ့ Business model နဲ့သွားမယ်။ ဒီနေ့ခေတ်မှာ Business model တစ်ခုတည်းနဲ့ မရှင်သန်နိုင်ဘူး။
၁၁။ လုပ်ငန်းက အရမ်းကြီးစရာ မလိုဘူး။ သတ်မှတ်တဲ့ target တော့ ရောက်ရမယ်။ အရေးကြီးတာ ကိုယ့်ကို စိတ်ချမ်းသာမှုပေးရမယ်။
အယူအဆတွေဟာ တစ်ယောက်နဲ့ တစ်ယောက်တော့ တူမှာမဟုတ်ဘူး။
အရေးကြီးတာ လုပ်ငန်းတစ်ခုမှာ ကိုယ်ပိုင်အယူအဆရှိဖို့ လိုတယ်။
AkyanPay.com
ကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ပါ။#Akyanpay