ငယ်ငယ်က လူတွေကိုယ့်ကုန်ပစ္စည်း
ကြွေအောင်ပြောနိုင်ရင် ကုန်ပစ္စည်းရောင်းရတယ်။
လူတွေကိုယ့်ကိုကြွေရင်
ကိုယ်ရောင်းတဲ့ပစ္စည်းတော်တော်များများ
ရောင်းရနိုင်တယ်။
လူတွေအရမ်းလိုအပ်နေတဲ့ပစ္စည်းကို
ရှာဖွေရောင်းချနိုင်ရင်လဲရောင်းရတယ်။
လူတွေ မလိုအပ်တဲ့ပစ္စည်းကို လိုချင်အောင်လုပ်ဆောင်နိုင်ရင်လဲရောင်းရတယ်။
ကိုယ်က ဘယ်လိုရောင်းမှာလဲ အရေးကြီးတယ်။
ကိုယ်တိုင် တစ်ယောက်ချင်းရောင်းမှာလား။
ကိုယ်တိုင် တစ်ယောက်ကနေ
လူတစ်စုကို ရောင်းမှာလား။
ကိုယ့်ကိုကိုယ်စား တခြားသူတွေကို
ကော်မရှင်ပေးပြီး ရောင်းခိုင်းမှာလား။
ကိုယ့်ဖောက်သည်တွေက
ကိုယ့်ကိုယ်စားရောင်းပေးမှာလား။
ကိုယ့်ရိုက်ထားတဲ့ ဗီဒီယိုက
ကိုယ့်ကိုကိုယ်စားရောင်းပေးမှာလား။
ကိုယ်ရေးထားတဲ့ စာက
ကိုယ့်ကိုကိုယ်စားရောင်းပေးမှာလား။
နည်းပညာ၊ website နဲ့ app က
ကိုယ့်ကိုယ်စားရောင်းပေးမှာလား။
ကိုယ်ဘယ်လိုရောင်းမလဲအရေးကြီးတယ်။
Phyo Paing @ Derek