လူနာတွေအပြည့်နဲ့ မနက်က
ည ကိုးနာရီထိ ဆေးခန်းထိုင်မလား၊
ခေါင်းစားစရာ လူတွေကို စီမံခန့်ခွဲပြီး
လည်ပတ်မှု operations တွေကို
စီမံခန့်ခွဲတဲ့ ဆေးရုံအုပ်ပုံစံနဲ့လား။
ကုန်ပစ္စည်းတွေ ဝယ်ရောင်းပုံစံလား။
အမှတ်တံဆိပ်၊ လူနဲ့ စနစ်နဲ့
စီးပွားရေး တည်ဆောက်ပြီးလား။
ပါမောက္ခတစ်ဦးလို သုတေသနလုပ်
စာတမ်းပြုစု၊ စာသင်လား။
ဘယ်လိုပဲ ဖြစ်ဖြစ် အလုပ်တိုင်းမှာ
ပျော်စရာနဲ့ ပြဿနာ ရှိနေမှာပဲ။
ကိုယ်က အဲ့ ပြဿနာကို ချစ်တတ်လား
ဆိုတဲ့ မေးခွန်းရဲ့အဖြေက
အလုပ်တစ်ခု ရွေးချယ်မှုအတွက်
အရမ်း အရေးကြီးတယ်။
ကျွန်တော်ကတော့ အမြဲတိုးတက်နေချင်တယ်။
ဒါကြောင့် စာသင်တယ်။
The best way to learn is to teach.
နောက် စျေးကွက်အကြောင်းတွေကို
ချိပ်ဆက်စဥ်းစားနိုင်စွမ်းရှိချင်တယ်။
ဒါကြောင့် စီးပွားရေး အကြံပေးတယ်။
လွတ်လပ်မှုရချင်တယ်။
ဒါကြောင့် အိပ်နေရင်တောင် ငွေရှာပေးနိုင်တဲ့
စနစ်တွေတည်ဆောက်လို့ရတဲ့
digital product တွေ တည်ဆောက်ရေးကို
လေ့လာတယ်။
ဘဝမှာ အရေးကြီးတာ
ဒီအလုပ်လုပ်တဲ့ အတွက်
ကိုယ်ဘယ်လိုလူဖြစ်လာမလဲ ဆိုတာပဲ။
စဥ်းစားကြည့်ကြည့်
ကိုယ်အခု လုပ်နေတဲ့အလုပ်က
နောက် ၂၀၂၃ ကုန်ရင်
ကိုယ့်ကို ဘယ်လို လူဖြစ်လာစေမလဲ။
Phyo Paing @ Derek