ဘူပိတ်တဲ့ လုပ်ငန်းရှင်နဲ့
အလုပ်ဖြစ်တဲ့ လုပ်ငန်းရှင်
ကွာခြားချက် အကြီးကြီးတစ်ချက်ရှိတယ်။
အလုပ်ဖြစ်တဲ့ လုပ်ငန်းရှင်က
ကိုယ်ဘာလိုချင်တာလဲကို
အဓိက စဥ်းစားတယ်။
ဒါကို ရအောင်လုပ်ဖို့ နည်းလမ်းအမြဲရှာတယ်။
အကောင်အထည်ဖော်တာမြန်တယ်။
ဘူပိတ်တဲ့ လုပ်ငန်းရှင်က
ဟိုဟာ ဟိုလိုဖြစ်နေတာ။
သူက ဒါမျိုးမလုပ်ပဲ ဒီလိုလုပ်နေလို့။
ဒီလိုအချိန်မျိုး ဘာလုပ်လို့ရမှာလဲ။
ငါလဲ မလုပ်တတ်ဘူး။
အရင်က လုပ်မှ မလုပ်ဖူးတာ။
ဒါ သူ့ကြောင့် ဒီလိုဖြစ်သွားတာ။
ဝန်ထမ်းတွေ အသုံးမကျလို့။
ပြောမနေပါနဲ့ လူတွေက ထိိန်းရခက်တယ်။
ဒီလို ငြီးထွားနေပြီး တိုင်ပတ်
ဘူပိတ်နေတတ်တယ်။
အလုပ်ဖြစ်တဲ့ လုပ်ငန်းရှင်က
ငါလိုချင်တာဘာလဲ။
ဒါကို ရအောင်လုပ်လုပ်မလဲ။
ဘယ်သူ့ကို မေးမလဲ။
ဘာတွေကို လေ့လာရမလဲ။
ဘယ်တော့ စလုပ်မလဲ။
လှုပ်ရှားမှု မြန်ဆန်တယ်။
ဒါကြောင့် လုပ်ငန်းရှင်တို့
ကိုယ့်ရဲ့ အမူအကျင့်တွေကို
ဂရုပြုကြပါ။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay