အလုပ်လုပ်တာကို
အလုပ်လုပ်တယ်လို့
မခံစားရအောင်လုပ်တဲ့နည်းက
ကိုယ့်ဘဝကို ပြည့်စုံစေတဲ့
အလုပ်လုပ်တာပဲ။
ဝါသနာပါတာကိုလုပ်ဆိုတာ
တော်တော်လေးအပေါ်ယံဆန်နိုင်တယ်။
ကိုယ်မတွေးပဲ မနေနိုင်တာကိုလုပ်
ဆိုရင် ပိုပြီး မှန်ကန်နိုင်မယ်။
ကိုယ့်ဦးနှောက်ထဲ နေရာအယူဆုံး
အကြောင်းအရာတွေကဘာလဲ။
မတွေးပဲ မနေနိုင်တဲ့အကြောင်းအရာတွေက
ဘာတွေဖြစ်မလဲ။
ဒီအရာနဲ့ဆိုင်တဲ့ အလုပ်ကိုရွေးချယ်
လုပ်ဆောင်တာ ဘဝရဲ့ပျော်ရွင်မှုပဲ။
မတွေးပဲ မနေနိုင်တဲ့အလုပ်ကနေ
ဝင်ငွေဖန်တီးဖို့အတွက်တော့
နည်လမ်းရှာဖို့လိုတယ်။
အကောင်းဆုံးနည်းလမ်းကတော့
ဒီနေ့ခေတ် လူတိုင်းရထားတဲ့
အခွင့်အရေးပဲ။
ဒါကတော့ social media ပေါ့။
ကိုယ်မတွေးပဲ မနေနိုင်တဲ့အရာတွေကို
ဖော်ပြခြင်းဟာ ကိုယ့်လိုလူတွေကို
ဆွဲဆောင်ခြင်းဖြစ်ပြီး
ဒီကမှတစ်ဆင့် ဝင်ငွေပြောင်းတဲ့
အဆင့်သွားလို့ရတယ်။
လူအများစုက ဝင်ငွေကို
အရင်စဥ်းစားပြီးမှ
ဘယ်အလုပ်လုပ်ရမလဲ စဥ်းစားတယ်။
အဲ့ထက်ကောင်းတဲ့ approach တစ်ခုက
ကိုယ်မတွေးပဲ မနေနိုင်တဲ့အပေါ်
ကိုယ့်အသက်မွေးဝမ်းကြောင်းတည်ဆောက်တာပဲ။
Phyo Paing @ Derek