ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း
တည်ဆောက်ဖို့ အဆင့်သုံးဆင့်လုပ်ရပါတယ်။
ပထမအဆင့်က Design အဆင့်ပါ။
ကိုယ့်လုပ်ငန်းရဲ့ business model ရဲ့ပုံစံပါ။
ဒီ BMD (Business Model Design) မှားရင်
စနစ်ချရခက်တတ်ပါတယ်။
ဘာကြောင့် KFC တို့မှာ မစားခင်
အရင်ကြိုငွေချေရပါသလဲ။
ဒါကို self-service business model လို့
အကြမ်းဖျင်းခေါ်လို့ရပါတယ်။
ကိုယ့်လုပ်ငန်းက တစ်ခွန်းစျေးမဟုတ်ပဲ
တစ်ယောက်တစ်ပေါက်နဲ့ စျေးရောင်းနေသမျှ
pricing policy မငြိမ်တဲ့အခါ
စနစ်ချရခက်ပါတယ်။
ဒါကြောင့် ပထမအဆင့်က design ပါ။
ဒုတိယအဆင့်က Management အဆင့်ပါ။
Management ဆိုတာ လူနဲ့စနစ်ပေါင်းပြီး
ရည်မှန်းချက်ပန်းတိုင်ရောက်အောင်လုပ်တာဖြစ်တယ်။
စနစ်တစ်ခုဆိုတာ repeatable process ဖြစ်တယ်။
ဒါကြောင့် process တစ်ခုတည်ဆောက်ဖို့
workflow တွေသေချာဆွဲထားဖို့လိုတယ်။
Management နဲ့ပတ်သက်တဲ့ အိမ်စာလုပ်ဖို့
အောက်သက်ကျေဖို့လိုတယ်။
တတိယကတော့ Continuation အဆင့်ပါ။
ကိုယ့်လုပ်ငန်း ကိုယ်မပါပဲ ဖောက်သည်တွေရဲ့
လိုအပ်ချက်ကို အမြဲဖြည့်ဆည်းနေနိုင်ဖို့
တီထွင်ဆန်းသစ်မှုနဲ့ Management ကို
ဟန်ချက်ညီညီလွဲနိုင်ဖို့ ဦးဆောင်သူရှာတာပဲဖြစ်တယ်။
စကားလုံးကြီးကြီးနဲ့ ပြောရမယ်ဆို
Succession Plan ပေါ့။
ကိုယ့်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ဖို့
ဒီအချက်သုံးချက်နဲ့ အကြမ်းဖျင်းကြည့်လို့ရပါတယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay