သိတာနဲ့ နားလည်တာ၊
နားလည်တာနဲ့ သဘောပေါက်တာ၊
သဘောပေါက်တာနဲ့ အသုံးချတတ်တာ၊
အသုံးချတတ်တာနဲ့ ဖန်တီးတတ်တာ၊
ဖန်တီးတတ်တာနဲ့ ဆန်းသစ်တီထွင်တတ်မတူဘူး။
ကြားဖူးနားဝကြောင့် သိတာရှိတယ်။
သေချာလေ့လာလို့ နားလည်တာရှိတယ်။
ပြန်ရှင်းပြတတ်လို့ သဘောပေါက်တာရှိတယ်။
လက်တွေ့လုပ်ဆောင် အသုံးချတတ်တာရှိတယ်။
ကိုယ်တိုင်ကိုယ်တွေ့ ဖန်တီးတတ်တာရှိတယ်။
မတူညီကွဲပြားတဲ့အသစ် ဆန်းသစ်တီထွင်တတ်တာရှိတယ်။
ပညာရပ်တစ်ခု လေ့လာတဲ့အခါ
ကိုယ်ရောက်နေတဲ့အဆင့် ကိုယ်သိဖို့လိုတယ်။
Phyo Paing @ Derek