နာမည်ကြီးလူသိများတာက
ကျော်ကြားတာ။
ငွေကြေးများများပိုင်ဆိုင်တာက
ချမ်းသာတာ။
သမီးရည်းစားလင်မယား
ရှေ့သွားနောက်လောက်ညီတာက
အိမ်ထောင်ရေးသာယာတာ။
လူတွေက ကိုယ်လိုချင်တာရတာကို
အောင်မြင်တယ်လို့သတ်မှတ်ကြတယ်။
ကိုယ်လိုချင်တာနဲ့
တခြားသူလိုချင်တာ တူချင််မှတူလိမ့်မယ်။
ကိုယ်လိုချင်တာသေချာသိဖို့
self-awareness လိုတယ်။
မဟုတ်ရင် လူအများလိုချင်တာကို
ကိုယ်လိုချင်တယ်လို့ပဲထင်နေတတ်တယ်။
ကျော်ကြားပြီး ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့
အနုပညာရှင်တွေတွေ့ဖူးလိမ့်မယ်။
ငွေကြေးတွေကျိကျိတတ်ချမ်းသာပြီး
မပျော်တဲ့သူတွေအများကြီးတွေ့ဖူးလိမ့်မယ်။
ကိုယ်လိုချင်တာရဖို့
ကိုယ်ဘာလိုချင်လဲသိအောင်
ကိုယ့်ကိုကိုယ်အရင်
နားလည်အောင်လေ့လာဖို့လိုလာတယ်။
ဒီလိုနားလည်ဖို့ ဘဝရဲ့ဖြတ်သန်းမှု၊
တုန့်ပြန်မှု၊ စဥ်းစားတဲ့ပုံ၊
လုပ်ဆောင်လေ့ရှိတဲ့ပုံစံ၊
ကိုယ်ရည်ကိုယ်သွေး၊
အတွေး၊ အကြံ၊ အလုပ်တွေကို
လေ့လာမှုတွေပြုကြရတယ်။
မေးဖွားခြင်းနဲ့ သေဆုံးခြင်းကြား
ဖြစ်စဥ်ကို ဘဝလို့ခေါ်တယ်။
ဒီကြားမှာ ပိုကောင်းတဲ့ဘဝကို
နေထိုင်ဖို့ ကိုယ့်ကိုကိုယ်နားလည်ဖို့လိုတယ်။
ကိုယ့်ရဲ့ အတွေး၊ အကြံအစည်၊ အလုပ်
ဒါတွေကိုနားလည်လာရင်
ပိုတိုးတက်အောင်လုပ်ဆောင်လို့ရတယ်။
အတွေး၊ အကြံ၊ အလုပ်ပိုကောင်းလာလေလေ
ရလဒ်ပိုကောင်းလာလေလေ။
ရလဒ်ကောင်းလာလေလေ၊
ဘဝရဲ့အရည်အသွေးပိုကောင်းလာလေလေ။
တချို့အရာတွေကို တိုက်ရိုက်ထိန်းချုပ်လို့မရဘူး။
တချို့အရာတွေကို တိုက်ရိုက်ထိန်းချုပ်လို့ရတယ်။
ကိုယ်ဘယ်လိုတွေးမယ်၊
ဘယ်လိုကြံစည်မယ်၊
ဘယ်လိုတုန့်ပြန်မယ်
ဒါတွေကို ထိန်းချုပ်လို့ရတယ်။
Phyo Paing @ Derek