ကျွန်တော်စဉ်းစားတဲ့ ပုံစံကရှင်းတယ်။
၂၀၅၀ နဲ့အထက်ထိ ဘယ်သူ
သက်လုံကောင်းမလဲ။
တချို့လဲ အဲ့အချိန်ရှိချင်မှ ရှိတော့မယ်။
တချို့လဲ အို၊ နာ၊ ကျိုး၊ ကန်း
ဖြစ်ချင်ဖြစ်နေမယ်။
တချို့လဲ အဲ့အချိန်ထိ ကျန်းမာ
သန်စွမ်းနေအုံးမယ်။
၂၀၅၀ ဆို ကိုယ်လဲ မသေသေးရင်
အသက် ၆၀ လောက်ရှိပြီ။
အဲ့အချိန် ကိုယ်ချစ်တဲ့သူတစ်ချို့လဲ
မရှိတော့ဘူး။
ကိုယ်မုန်းတဲ့သူ တချို့လဲမရှိတော့ဘူး။
ကိုယ့်ကိုမုန်းတဲ့သူတချို့လဲ
ရှိချင်မှ ရှိတော့မယ်။
ကိုယ်လဲ ရှိချင်မှ ရှိတော့မယ်။
သေချာတယ် မသေသေးရင်၊
accident မဖြစ်ခဲ့ရင်၊
lifestyle အပိုင်းက ကိုယ်
ထိန်းချုပ်လို့ရတယ်။
နိုင်ငံခြားမှာတော့ ၇၅ လောက်ကို
ဗလတွေနေဲ့ မိုက်နေတုန်း။
ဘဝဆိုတဲ့ထဲက အရှင်တော့
ထွက်လို့မရတာ သေချာတယ်။
အရှင်ထွက်မရတဲ့ ဘဝထဲကတော့
မသေခင် ကျန်းမာပြီး
ဒူပေဒါပေခံဖို့လိုတယ်။
ဒီတော့ ကိုယ့်ကိုကိုယ်
ဒုက္ခရောက်စေတဲ့အရာတွေ
သတိထား ရှောင်ဖို့လိုတယ်။
Phyo Paing @ Derek