Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်ကိုကိုယ် နေ့စဥ် train ပါ။

တစ်ရက်တစ်ရက် content idea တွေ
အများကြီး ဘယ်လိုစဉ်းစားသလဲ။
ဒီလိုမေးလာတိုင်း
I trained myself လို့ပြန်ပြောမိတယ်။

စာမြန်မြန်ဘယ်လိုဖတ်မလဲ။
စိတ်ဓာတ်အမြဲ နိုးကြားပြီး
စွမ်းအားအပြည့်နဲ့ ဘယ်လိုအလုပ်လုပ်မလဲ။
မြန်မြန်ဆန်ဆန် ဦးနှောက်အသုံးပြု
စဉ်းစားနိုင်ဖို့ ဘယ်လိုလုပ်မလဲ။
မှတ်ဥာဏ်ကောင်းဖို့ ဘယ်လိုလုပ်မလဲ။

ဒါတွေ အကုန်လုံးက train လုပ်လို့ရတယ်။
နေ့စဉ်တော့ train ရမယ်။

computer keyboard မှာ လက်တင်လိုက်တာနဲ့
idea တွေက အလိုလိုထွက်လာတာ၊
ဘာပြောမယ် မစဉ်းစားပဲ
Camera ချိန်လိုက်တာနဲ့
Content တွေ ထွက်လာဖို့က
နေ့စဉ် train နေရတယ်။

Motivation ဆိုတာ ရေချိုးသလိုပဲတဲ့။
နေ့စဉ်ချိုးပေးနေရတယ်ဆိုတဲ့
စကားကြားဖူးလိမ့်မယ်။

Skill တစ်ခုဆိုတာလဲ အဲ့လိုပဲ။
နေ့စဉ် train နေမှ skill level ကျမသွားမှာ။
ဘာသာစကားတစ်ခုတောင်
မသုံးတာကြာရင် language loss ဖြစ်သေးတာ။

မေးခွန်းက
ခင်ဗျာကော ကိုယ်လိုချင်တဲ့
ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့
နေ့စဉ် ကိုယ့်ကိုကိုယ် train နေသလား။

Motivation ရဖို့ သင်တန်းတွေ
တစ်ခုပဲတစ်ခုပဲ လိုက်တက်နေရမယ်ဆို
ငွေကုန်တာပဲ အဖတ်တင်မယ်။

ကိုယ့်ကိုကိုယ် တိုးတက်အောင်
လုပ်ပေးနိုင်တဲ့ ကိုယ့်ဆရာက
ကိုယ်တိုင်ပဲ။

Phyo Paing @ Derek

Share Your Idea!​