သူတောင်းစားတွေက ရွေးချယ်ဖို့
အခွင့်အရေးမရှိဘူး။
beggars can’t be choosers
ဒီစကားပုံကြားဖူးလိမ့်မယ်။
ဆင်းရဲတဲ့နိုင်ငံမှာ မွေးလာတယ်။
ပညာကောင်းကောင်း မသင်ခဲ့ရဘူး။
ငွေကြေးကောင်းကောင်းမရှိဘူး။
ဒါဆို …….
ဇိမ်ခံမယ်ဆိုတဲ့ luxury
သင့်မှာ ရှိချင်မှရှိမယ်။
ကိုယ်ကြိုက်တဲ့အလုပ်ကို ရွေးချယ်ခွင့်ရတဲ့
အခွင့်အရေးရှိချင်မှ ရှိမယ်။
ဒါက ခါးသီးတဲ့ အမှန်တရားပဲ။
ဘဝရဲ့ ပေးထားချက်တွေကွာတယ်။
အမေရိကားမှာ follow your passion ဆိုပြီး
ကိုယ်ကြိုက်တဲ့နောက် လိုက်ဖို့
အခွင့်အရေးရပေမည့်
တရုတ်လို လူသန်း တစ်ထောင့်လေးရာမှာ
ဒီအခွင့်အရေးရချင်မှရမယ်။
ကျွန်တော်တို့လို တိုင်ပတ်နေတဲ့နိုင်ငံဆို
ပိုဆိုးပေါ့။
ကိုယ့်မှာ ပေးထားချက်တွေ မခိုင်မာရင်
အများကြီးစဉ်းစားမနေနဲ့
လုပ်သင့်တာကို လုပ်ပါ။
ကျွန်တော်ကတော့ ကိုယ့်ကိုကိုယ်
ဆုံးမနေကျ စကားရှိတယ်။
“စောက်အလုပ်ကို သေချာလုပ်။
လုပ်သင့်တာကို လုပ်သင့်တဲ့အချိန်လုပ်။
သောက်တလွဲမစဉ်းစားနဲ့။
သွားနေတဲ့ လမ်းကြောင်းကို အာရုံစိုက်။
ကိုယ့်ကိုကိုယ် အပစ်မတင်နဲ့။
ဒါက ငပိန်းတွေပဲလုပ်တာ။”
Phyo Paing @ Derek