Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်ကိုကိုယ် limit လုပ်ထားတဲ့အရာတွေ မရှိဘူး။

ဆေးကျောင်းပထမနှစ် test စာမေးပွဲမှာ
ဘာသာစုံ ၇ ဘာသာအောင်တာ
အရင်နှစ်က အယောက် ၆၀၀ မှာ
အယောက် ၂၀ မပြည့်ဘူးသားကြီး။
စိတ်ကူးယဉ်မနေနဲ့။

အဲ့ကုမ္ပဏီက နှစ်ဆယ်သုံးဆယ်မှာ
တစ်ယောက်လောက်ပဲရွေးတာနော်။
မလွယ်ဘူးထင်တယ်။

ဟင် UK Graduate Level 6 Diploma ကို
ငါးလနဲ့ ဖြေမလို့။
ဆုတောင်းမှပဲရလိမ့်မယ်။
သူများ Level 4 က တက်လာတာ
နှစ်နှစ်ခွဲရှိပြီ မအောင်သေးဘူး။

ဟင် သင်တန်းကျောင်းဖွင့်မလို့လား။
ထသွားမှ ကျိုးမှန်းသိမယ်နော်။

တ နဲ့ သလဲ မပီပဲနဲ့ သင်တန်းဆရာ
ဘယ်လိုဖြစ်မလဲသားရယ်။

မန္တလေးကစတဲ့ သင်တန်းဆရာ
ရန်ကုန်ထိသွားသင်တာ သိပ်မရှိဘူးနော်။

မားကတ်တင်းလို့ပြောလိုက်ရင်
အရှေ့မှာဆရာကြီးတွေရှိနေပြီ
ဘယ်လိုစျေးကွက်ဖောက်မှာလဲ။

Subscription business model
မြန်မာပြည်မှာ မဖြစ်နိုင်သေးဘူး။

ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းဆိုတာ
မြန်မာပြည်မှာ မဖြစ်နိုင်ပါဘူးကွာ။

တစ်ရက်ကိုစာတစ်အုပ်ဖတ်တယ်ဆိုတာ
မဖြစ်နိုင်ပါဘူးကွာ။

လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့လား
ဝိတ်အရင်ချကြည့်ပါလား။
စောင့်ကြည့်နေတယ်နော်ဆရာဖြိုး။

Coachsulting က မြန်မာပြည်မှာ
စောနေပါသေးတယ်။

မဖြစ်နိုင်ဘူး၊ မလွယ်ဘူးဆိုတဲ့စကားတွေဟာ
ကိုယ့်ကိုပြောကြတာ မဟုတ်ဘူးလို့
အမြဲယူဆထားတယ်။

လူတိုင်းက သူ့ခေါင်းထဲမှာရှိတဲ့ ပုံရိပ်ကို
အပြင်လောကကြီးကို မီးမောင်းထိုးလိုက်တာပဲ။

ကိုယ့်ကိုကိုယ် limit လုပ်ထားတဲ့အရာတွေ မရှိဘူး။

Phyo Paing @ Derek

Share Your Idea!​