ပြဿနာအများစုက
ရွေးချယ်မှုမရှိတာကနေလာတယ်။
နိုင်ငံတစ်နိုင်ငံမှာ မပျော်ဘူး။
နောက်တစ်နိုင်ငံကို ပြောင်းဖို့
ရွေးချယ်မှုမလုပ်နိုင်ရင်
စိတ်ဆင်းဆင်းရဲရဲနဲ့ ပြဿနာတောထဲက
မထွက်နိုင်ဘူး။
ရည်းစားကပစ်သွားတယ်။
ကိုယ့်မှာ သူ့ထက်ပိုကောင်းတဲ့သူကို
ရွေးချယ်နိုင်မှုမရှိရင် ပြဿနာဖြစ်ပြီ။
ဘဝပြဿနာ အများစုက
ရွေးချယ်နိုင်မှု မပြုလုပ်နိုင်စွမ်းက
လာတယ်။
ဒီရွေးချယ်မှုကို ပြုလုပ်နိုင်ဖို့
အရင်းအမြစ်လိုတယ်။
ပြဿနာအများစုက
ရွေးချယ်မှုမရှိတာကလာရင်၊
လူအများစုရဲ့ ရွေးချယ်မှုမရှိတဲ့
ပြဿနာက အရင်းအမြစ်မရှိတာကလာတယ်။
အရင်းအမြစ်တွေအားလုံးထဲမှာ
ကျွမ်းကျင်မှု၊ အလုပ်အကိုင်၊
ကျန်းမာရေး၊ အချိန်၊
ငွေကြေး တွေပါဝင်တယ်။
ကျန်းမာပြီးအချိန်ရှိတုန်း
အရင်းအမြစ်တည်ဆောက်ဖို့
ကိုယ်ဂုဏ်ယူတဲ့အလုပ်ကို
ပိုးစိုးပက်စက်လုပ်ပါ။
Phyo Paing @ Derek