ကိုယ့်ကိုကိုယ် ပြောနေတဲ့ပုံပြင်တွေ
လူတွေက လောကကြီးကို မျက်မှန်တတ်ပြီးကြည့်တယ်။ ဒီမျက်မှန်ကို Attitude, Behavior, Culture နဲ့ Values တန်ဖိုးထားမှုတွေက လွမ်းမိုးအရောင်ဆိုးတယ်။
ငါကတော့ မတတ်နိုင်တဲ့ မိသားစုကလာတာဆိုတော့ ကြည့်ရုံကလွဲပြီး ဘာတတ်နိုင်မှာလဲ။ ဒီလို အတွေးအခေါ်ဟာ မိသားစု တစ်ခုကိုသာမက တစ်နိုင်ငံလုံးပေါ် သက်ရောက်မှုရှိတယ်။
လူရယ်လို့ဖြစ်လာတဲ့အခါ လက်ပါတယ်။ ခြေထောက်ရှိနေသေးတယ်။ အသက်ရှူနိုင်နေသေးရင် အကုန်နည်းပါးလုပ်လို့ရတယ်။
လူသားစားတဲ့ ကျားကိုတောင် အရုပ်ကလေးတွေဖြစ်အောင် ကခိုင်းတဲ့ လူတွေရဲ့ အစွမ်းအစကို အတွေးအခေါ် ပုံပြင်တွေနဲ့ ပျက်စီးလိုက်တာဟာ နှမြောစရာကောင်းတယ်။
ငယ်ငယ်က ဖုန်းသိိန်းသုံးလေးဆယ်လောက်ပေးရတဲ့အချိန် ကျောင်းသားဘဝက PCO ကနေ မဆက်ချင်တာနဲ့ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်တယ်။ ငါဖုန်းဝယ်လို့ရအောင် ဘာတွေလုပ်လို့ရနိုင်သလဲ။ ဘာနည်းလမ်းတွေရှိသလဲ။ ဘယ်သူတွေကို မေးလို့ရနိုင်သလဲ။ ကိုယ့်ငွေနဲ့ကိုယ် ဝယ်တဲ့သူတွေက ဘာအလုပ်တွေလုပ်သလဲ။ သူတို့ ဘယ်လို စဥ်းစားသလဲ။ ဒီမေးခွန်းတွေမေးပြီး သူတို့ pattern တွေ လေ့လာကြည့်တယ်။ ဖုန်းမရှိလို့၊ ကားမရှိလို့ ငါ့ကိုပြန်မကြိုက်ဘူးဆိုတဲ့ loser သီချင်းတွေလဲ နားမထောင်ဘူး။ Big Bang ရဲ့ Loser သီချင်းတောင် နားထောင်လို့ကောင်းပေမယ့် စကားလုံးပုံပြင်ကြီး မကြိုက်လို့ နားမထောင်ဘူး။
ပုံပြင်တွေ အများကြီးထဲမှာ ကိုယ့်ကိုကိုယ် သနားစရာပုံပြင်တွေ မဖန်တီးပါနဲ့။ အသက်ဆိုတာ တိုတိုလေး၊ ဖင်ရွေ့ခေါင်းရွေ့နဲ့ တစ်နှစ်တစ်နှစ်ဆိုတာ ဘယ်လိုကုန်သွားမှန်းမသိဘူး။
အတိတ်က စဥ်းစားပြီး အနာဂတ်မှာ အတိတ်အတိုင်းဆက်ဖြစ်မယ်လို့မတွေးနဲ့။ အတိတ်က ပြီးခဲ့ပြီ။ သင်ခန်းစာယူပြီးပိုကောင်းအောင်လုပ်နိုင်ရင် အနာဂတ်က ပိုလှနေမှာပဲ။ ဒါကြောင့်လဲ အတိတ်နဲ့ အနာဂတ်နဲ့ မတူဘူးပြောကြတာ မဟုတ်လား။
ဒီထက်ပိုအရေးကြီးတာ အနာဂတ်ကို မြင်တဲ့အမြင်က အတိတ်ပုံရိပ်ထက်ပို ကြည်လင်ပြတ်သားနေရမယ်။ အတိတ်က ရွှေထီးဆောင်းတဲ့ ဘာညာမေ့လိုက်။ လူတော်တော်များများက အတိတ်က ပိုကောင်းခဲ့တယ်လို့ ထင်တတ်တာ သဘာဝပဲ။
Phyo Paing @ Derek