Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်ရဲ့ ငယ်ရွယ်မှု Youth ကို
အလဟသ မဖြုန်းတီးပါနဲ့။

1. ကိုယ့်ရဲ့ ငယ်ရွယ်မှု Youth ကို
အလဟသ မဖြုန်းတီးပါနဲ့။

လူတွေအားလုံးမှာရှိတဲ့ အဖိုးအတန်ဆုံး asset က အချိန်ပဲ။ ဒီအချိန်ကို တခြားအဖိုးတန်တဲ့ အသိပညာ၊ အတတ်ပညာ၊ ငွေကြေး၊ လွတ်လပ်မှု၊ လူရိုသေရှင်ရိုသေဖြစ်မှု အစရှိတဲ့ အရာတွေကို ပြောင်းလဲဖို့ စိတ်ရှည်မှုလိုတယ်။

2. Energy ကို မဖြုန်းတီးပါနဲ့။

ရုပ်စွမ်းအားနဲ့ စိတ်စွမ််းအားရှိတယ်။ တချို့အရာတွေက ကိုယ့်ကိုကိုယ် ဖျက်စီးမှုတွေကို ဖြစ်စေတယ်။ အရက်တို့ တခြား stimulants တွေက အစပိုင်းမှာ တော်တော်ကောင်းတယ်။ ရေရှည်အတွက် သက်ရောက်မှုတွေရှိနိုင်တဲ့အတွက် energy ပိုင်းမှာ သက်ရောက်မှုရှိတယ်။ နောက် အာရုံ။ ကိုယ့်အာရုံကို ဘယ်မှာ အာဏာကုန်စိုက်မလဲ အရေးကြီးတယ်။ စွမ်းအင်တွေကို မဖြုန်းတီးလိုက်ဖို့အရေးကြီးတယ်။

3. Courage သတ္တိ။

လုပ်နေကျအရာတွေ လုပ်နေရင် ဖြစ်နေကျအတိုင်းပဲဖြစ်မယ်။ တစ်ခါမှ မလုပ်ဖူးတဲ့အရာကို စလုပ်ကြည့်ဖို့ သတ္တိလိုတယ်။ အရာရာ perfect မဖြစ်ခင်မှ စဖို့ သတ္တိလိုတယ်။ ဒီနေ့လို Marketing 5.0 တို့ Agile Project Management ခေတ်မှာ အရာရာ perfect ဖြစ်ဖို့ထက် progress ဖြစ်ဖို့ ဦးတည်တယ်။ သတ္တိဆိုတာ ကိုယ်ယုံကြည်တာကို ဘယ်လိုဖြစ်ဖြစ်လုပ်ရဲတာပဲ။ ကျွန်တော်ကတော့ လူတိုင်း ကိုယ့်ရဲ့ အကောင်းဆုံး version ဖြစ်အောင်လုပ်နိုင်တယ်လို့ ယုံကြည်တယ်။ People with Passion ရူးသွပ်မှုအပြည့်နဲ့ ယုံကြည်ရာလုပ်ဆောင်နိုင်သူတွေက အပြောင်းအလဲကောင်းတွေယူဆောင်လာတယ်လို့ ယုံကြည်တယ်။

ဒါကြောင့်လဲ YEC ဆိုတာ People with Passion တွေကိုပဲ serve လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ Youth, Energy နဲ့ Courage ကို သေချာအသုံးချနိုင်ရင် You can empower change ပါ။

Phyo Paing @ Derek

Share Your Idea!​