ဘာလိုလိုနဲ့ May 5 ရက်နေ့ရောက်လာခဲ့ပြီ။ ဒီကာလအတွင်းမှာ လူတော်တော်များများမှာ ခံစားချက်ကိုယ်စီရှိကြပြီး Social Media မှာ ထုတ်ဖော်ပြခြင်း၊ သိပ်မဖော်ပြခြင်းသာကွာကြလိမ့်မယ်။ သတင်းကောင်းကို သိပ်တဆိတ်မျှော်လင့်နေကြတာရှိသလို တချို့သူငယ်ချင်းတွေကလဲ သူတို့ယုံကြည်ရာလမ်းကြောင်းအတိုင်း ပေးဆပ်ရမှာသိလျက်နဲ့ ဆက်လျှောက်ကြတယ်။
တစ်ကိုယ်စာအနေနဲ့ကတော့ ဘဝကိုအမြဲ Zero-setting သုညက ပြန်စဖို့ အကြိမ်ကြိမ်အမြဲစဥ်းစားထားတဲ့အတွက် ဘားမှ သိပ်မဖြစ်ပေမယ့် အနာဂတ်အိမ်မက်တွေပြောင်းသွားခဲ့တယ်။ ရိုက်ချိုးခံရတယ်ဆိုတဲ့ အသုံးနှုန်းမသုံးပါဘူး။ ဘယ်သူမှလဲ ကိုယ့်ရဲ့အိမ်မက်ကို ရိုက်ချိုးလို့မရဘူး။ အားလုံးက ကိုယ်နဲ့ပဲဆိုင်တယ်။
ကျွန်တော်တို့နေထိုင်တဲ့ ပတ်ဝန်းကျင် (Environment) ဟာ နောက်ဆုံး layer မှာသာရှိတယ်။ သူ့အထက်မှာ အပြုအမူ၊ ကျွမ်းကျင်မှု၊ ယုံကြည်မှု၊ ခံယူချက်၊ ဘဝရဲ့သမိုင်းပေးတာဝန်အစရှိတာတွေရှိသေးတယ်။ တချို့တွေက ပတ်ဝန်းကျင်နဲ့ အဖြစ်အပျက်တွေကြောင့် ယုံကြည်မှုနဲ့ ခံယူချက်တွေကို ပြောင်းလိုက်ပေမယ့်၊ တချို့က ယုံကြည်မှု၊ ခံယူချက်တွေကို အားယူပြီး ပတ်ဝန်းကျင်ကိုပြောင်းတယ်။ တချို့ကလဲ ပတ်ဝန်းကျင်က ပြောင်းဖို့ကြိုးစားကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အပြုအမူတိုင်းရဲ့နောက်ကွယ်မှာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေရှိတယ်ဆိုတဲ့ ယုံကြည်မှုဆေးခါးကြီးကိုတော့ သောက်သုံးရတာအမှန်ပဲ။
ကားတိုက်သွားခဲ့ရင်၊ မျက်လုံးကန်းသွားခဲ့ရင်၊ ခြေကျိုး ဒုက္ခိတဖြစ်သွားခဲ့ရင် အစရှိတဲ့ planned suffering ကြိုတင်ဒုက္ခတွေကို စဥ်းစားပြီး စိတ်ဓာတ်ခံယူချက်တစ်ခုအနေနဲ့ထားထားတဲ့အတွက် car accident ဖြစ်ပြီး လမ်းမလျှောက်နိုင်တဲ့ ၂၀၁၉ နှစ်အကုန် တုန်းကလဲ post traumatic stress disorder ကို ကောင်းကောင်း handle လုပ်လိုက်နိုင်တယ်။ ဒါကတော့ Stoicism ရဲ့ ကျေးဇူးတစ်ခုပေါ့။
ဒီကြားထဲမှာလဲ ၅၀၅ က ထဲပါနိုင်ပြီး page မှာ နိုင်ငံရေး post တွေဖျက်ဖို့ပြောတယ်။ ဒီအတိုင်းပဲ ထားခဲ့တယ်။ Page မှာလဲ ခါတိုင်းလိုပဲ ကိုယ်စဥ်းစားမိတာ၊ ခံစားမိတာ၊ ကူညီနိုင်တာတင်တယ်။
သေချာတာတစ်ခုကတော့ ရှေ့ဆက်မည့် Game Plan က အပြောင်းအလဲကြီးသွားတယ်။ ကိုယ့်အိမ်မက်ကိုတော့ တစ်ယောက်ယောက်က ရိုက်ချိုးတယ်ဆိုတဲ့ စကားကြီးတော့ မသုံးပါနဲ့။ အဲ့လိုလုပ်နိုင်တဲ့စွမ်းရည် ဘယ်သူ့မှာမှမရှိဘူး။
Phyo Paing @ Derek