Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကုန်ပစ္စည်းပဲထိုးရောင်းပြီး
အတွေးအခေါ်မရှိတဲ့ အမှတ်တံဆိပ်
အတွေးအခေါ်ရှိတဲ့သူတွေကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး။

Marketing မှာ Next Level ရောက်သွားရင်
ဘယ်လိုလေးရောင်းလိုက်ပါတို့၊
ဘယ်လိုလေးရေးတို့
မပြောတော့ဘူး။

ကိုယ့်ရဲ့ religion ကိုယ်ဖန်တီးလာတယ်။
ဒါကြောင့် Apple ကို Marketing လုပ်ပေးခဲ့တဲ့
အခု Canva ကို Marketing လုပ်ပေးနေတဲ့
Guy Kawasaki က သူ့ကိုယ်သူ
Marketer လို့မသုံးဘူး။
Chief Evangelist လို့သုံးတယ်။
တနည်းအားဖြင့် ကိုယ့် religion ထဲကို
ပြောင်းလာဖို့လုပ်တဲ့သူ Evangelist တဲ့။

ကမ္ဘာ့ထိပ်တန်း Marketer
အကုန်ကြည့်လိုက်ရင်
သူတို့ promote လုပ်တဲ့ philosophy ရှိတယ်။​

Elon Musk ဆိုလဲ Evangelist ပဲ။
Steve Jobs လဲ Evangelist ပဲ။
Xiaomi ရဲ့ Lei Jun လဲ Evangelist ပဲ။

ကုန်ပစ္စည်းပဲထိုးရောင်းပြီး
အတွေးအခေါ်မရှိတဲ့ အမှတ်တံဆိပ်
အတွေးအခေါ်မရှိတဲ့သူတွေပဲ ရင်ခုန်မှာပေါ့။

ဒါကြောင့် Marketing လုပ်တဲ့အခါ
ကိုယ့်လုပ်ငန်းရဲ့ ယုံကြည်ချက်
အတွေးအခေါ်အရေးကြီးတယ်။

Phyo Paing @ Derek

Share Your Idea!​