တခါတလေ ကိုယ့်ဘဝမှာ
အသက်ဝဝ လင်လင်ရှူနေနိုင်တာ
ကျေးဇူးတင်စရာတစ်ခုဖြစ်နိုင်တယ်။
ကိုယ့်မိဘတွေ အသက်ရှင်နေသေးတာ
ကျေးဇူးတင်စရာတစ်ခုဖြစ်နိုင်တယ်။
ကျန်းကျန်းမာမာနဲ့ ရောဂါဘယကင်းဝေးနေတာ
ကျေးဇူးတင်စရာတစ်ခုဖြစ်နေနိုင်တယ်။
ကောင်းမွန်စွာအိပ်ဆက်နိုးထနိုင်တာ
ကျေးဇူးတင်စရာတစ်ခုဖြစ်နိုင်တယ်။
မနက်စာ စားစရာတစ်ခုရှိနေတာ
ကျေးဇူးတင်စရာတစ်ခုဖြစ်နေနိုင်တယ်။
ကျေးဇူးတင်တတ်တဲ့ စိတ်ပျောက်ရင်
လောကမှာ စိတ်တိုင်းမကျတဲ့စိတ်
ဝင်လာတတ်တယ်။
Phyo Paing @ Derek