ဒီနေ့ အသက် ၃၀ ပြည့်တယ်။ မှန်တာတွေ၊ မှားတာတွေ အများကြီးလုပ်ခဲ့တယ်။ မှားတာတွေကပိုများမယ်ထင်ပါတယ်။
ဘဝဆိုတာ project ကြီးကြီးတစ်ခုလို့ ကျွန်တော်ခံယူထားပါတယ်။ သူ့မှာ အဆုံးသတ်ကာလရှိပါမယ်။ mini-project တွေဖြစ်တဲ့ စမ်းသပ်မှုအသစ်တွေ၊ သင်ယူမှုအသစ်တွေလုပ်ဖြစ်ခဲ့သလို ဆက်လုပ်နေပါအုံးမယ်။
ကိုယ့်ကိုပညာတတ်အောင်သင်ပေးခဲ့တဲ့ အမေ၊ မတူတဲ့အလုပ်တွေအများကြီးလုပ်ချင်တဲ့ကျွန်တော်လုပ်တဲ့ လုပ်ငန်းတိုင်းကို အားပေးတဲ့ မိတ်ဆွေတွေ၊ ကိုယ့်ကိုယုံကြည်ပေးတဲ့မိတ်ဆွေတွေ၊ စိတ်မြန်ဆုံးဖြတ်ချက်မြန်တဲ့ ကျွန်တော့ကို နားလည်ပေးတဲ့ ဝန်ထမ်းတွေ၊ အတူတကွလုပ်ကိုင်တဲ့ business partner တွေ၊ ကိုယ်ယုံကြည်တာကို တဇွတ်ထိုးလုပ်တတ်တာကို နားလည်ပေးတဲ့သူတွေ၊ Training ခေါင်းစဉ်တောင်မကြည့်ပဲ ကျွန်တော်သင်လို့လာတတ်တယ်ဆိုတဲ့ သင်တန်းသားတွေ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Phyo Paing @ Derek