Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကျွန်တော့်မှာ ယုံကြည်မှု ၇ ခုရှိတယ်။

ပိုရယူ သိလူကစား ဖြစ်အောင်လုပ်
လို့ အတိုကောက်မှတ်လို့ရတယ်။

၁။ အရာရာ ပိုကောင်းဖို့ဖြစ်လာတာပါ။ (ပို)
၂။ အရှုံးဆိုတာမရှိဘူး။ ရလဒ်တွေပဲရှိတယ်။
လုပ်ရပ်ပြောင်းရင် ရလဒ်ပြောင်းတယ်။(ရ)
၃။ ဘာပဲဖြစ်ဖြစ် တာဝန်ယူပါ။ (ယူ)
၄။ တစ်ခုခုအသုံးချဖို့အတွက်
အကုန်သိနေစရာမလိုဘူး။ (သိ)
၅။ လူကြောဆိုတာ ရွှေကြော။ (လူ)
ကိုယ့်ကိုအောင်မြင်အောင်ကူညီပေးနိုင်တာ
လူတွေပဲ။
၆။ အလုပ်ဆိုတာ ကစားတာ။ (ကစား)
Game တစ်ခုလို စွဲစွဲလမ်းလမ်းလုပ်။
၇။ လုပ်မယ်လို့ဆုံးဖြတ်ပြီးရင်
ဖြစ်အောင်လုပ်။ (ဖြစ်အောင်လုပ်)

လိုက်နာတဲ့ rule or guiding principles ကတော့

၁။ ဘူကောင်တွေကို ရှောင်
၂။ ကိုယ့်ကိုကိုယ် ဂုဏ်ယူရတဲ့အလုပ်တွေ နေ့စဉ်လုပ်
၃။ အလုပ်ကို ပိုးစိုးပက်စက်လုပ်
၄။ ဒူပဒေါပခေံ
၅။ မယူခင်အရင်ပေး
၆။ ယူတာထက်ပိုပေး
၇။ ရှုံးနိုင်ခြေနဲ့ ဖြစ်နိုင်ခြေကို အမြဲတွက်
၈။ ထွက်ငွေကိုဝင်ငွေအနေနဲ့ ပြန်ပြောင်း
၉။ ကိုယ့်ကိုငွေရှာပေးမည့်အရာတွေမှာ
ငွေသုံးဖို့ မနှမြောနဲ့။
၁၀။ ကိုယ်နဲ့အလုပ်လုပ်တဲ့သူတိုင်း
တိုးတက်သွားရမယ်။
၁၁။ ကိုယ့်ရဲ့ဖြစ်တည်မှုကို ဂုဏ်ယူပါ။
၁၂။ အရာရာက စမ်းသပ်မှုတစ်ခုပဲ။
၁၃။ ကိုယ့်အတွေးအခေါ်ကို ဖော်ပြဖို့
မကြောက်နဲ့။
၁၄။ တိုးတက်မှုမရှိတဲ့အလုပ် မလုပ်နဲ့။
၁၅။ ကျေးဇူးတင်တတ်တဲ့ စိတ်နဲ့နေ။
၁၆။ လိုချင်တာကို တောင်းဆို အားမနာနဲ့။
၁၇။ သူများနဲ့ မတူတာကို လက်ခံ။
၁၈။ လုပ်နေတဲ့အလုပ်တိုင်းကို
ပိုလွယ်၊ ပိုမြန်၊ ပိုထိရောက်အောင်လုပ်။
၁၉။ လူတွေရဲ့အထင်အမြင်မှာ အသက်မရှင်နဲ့။
၂၀။ လိုချင်တာမရခဲ့ရင် ပိုကောင်းတာရလိမ့်မယ်။
ဒါကြောင့် လုပ်စရာရှိတာ ဆက်လုပ်။
၂၁။ တစ်နှစ်၊ နှစ်နှစ် ဂိမ်းကို မကစားနဲ့။
နှစ်ပေါင်း ၂၀ နဲ့အထက်ကို ကြည့်။
၂၂။ ကိုယ့်ကိုကိုယ် ဘယ်တော့မှ
အပြစ်မတင်နဲ့။
၂၃။ ကိုယ့်ကိုတိုင်ပတ်အောင်လုပ်
နှစ်ဆနဲ့ အထက် တိုင်ပြန်ပတ်အောင်လုပ်။
(အရင်ခွင့်လွတ်တဲ့ strategy က ပြည်တွင်းမှာ
အလုပ်မဖြစ်ဘူး။)
၂၄။ အသက်ရှင်မှု၊ အလုပ်၊ တိုးတက်မှု
အကုန် တစ်သားတည်းကျနေရမယ်။
၂၅။ ဒီနေ့လုပ်လိုက်တဲ့အလုပ်က
မနက်ဖြန်အတွက် အချိန်ခြွေတာပေးရမယ်။
၂၆။ သတ်မှတ်ထားတဲ့ တိကျတဲ့
အိမ်မက်ရှိရမယ်။
Dream List ထဲကဟာတွေကို
အကောင်အထည်ဖော်။
၂၇။ လူတွေကို Dream List ထဲထည့်မထားနဲ့။
၂၈။ တခြားသူတွေအပေါ် မျှော်လင့်ချက်
အများကြီး မထားထားနဲ့။
၂၉။ လူတွေက လုပ်သင့်တာထက်
နောက်ဆုံးကျ လုပ်ချင်တာပဲလုပ်သွားကြတယ်။
မေးရင် အမှန်အတိုင်းဖြေလိုက်။
နောက်ဆုံး သူတို့လုပ်ချင်တာလုပ်မှာပဲ။

နေ့စဉ် အပြုအမူ

၁။ နေ့စဉ်ခေါင်းထဲ အတွေးအခေါ်သစ်တစ်ခုထည့်
ဒါကြောင့် စာတစ်အုပ်ဖတ်
၂။ တရုတ်နဲ့ အင်္ဂလိပ် လူသုံးများတဲ့ဘာသာစကားပြော
တစ်ရက်ကို ဆယ့်ငါးမိနစ်အထက် ပေး
၃။ လေ့ကျင့်ခန်းလုပ်
၄။ fasting လုပ်
၅။ တစ်ရက်ကို အနည်းဆုံး ၄၅ မိနစ်ပေးပြီး
လုပ်ငန်းအကြောင်း “စနစ်တကျ” စဉ်းစား။
၆။ နေ့စဉ် content တွေဖန်တီး
၇။ နေ့စဉ် ငွေစု
၈။ နေ့စဉ် digital asset တွေမှာ ရင်းနှီးမြုပ်နှံ

Phyo Paing @ Derek

Share Your Idea!​