Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကျွန်တော့်ရဲ့ သတ်မှတ်ချက်တစ်ခုရှိတယ်။

ကိုယ့်လုပ်ငန်းက တိုးတက်မှုနှေးသွားတဲ့အခါ
လုပ်ငန်းအသစ်လုပ်ရမလား
စဉ်းစားမိတတ်ကြတယ်။ တချို့လုပ်ငန်းတွေက ကိုယ်သွားမည့်
လမ်းကြောင်းနဲ့ ကိုက်ညီတယ်။
တချို့လုပ်ငန်းတွေက ကိုယ်သွားနေတဲ့
လမ်းကြောင်းနဲ့ မတူတာမျိုးဖြစ်တတ်တယ်။
ဒီလိုအချိန်မှာ ကိုယ့်လုပ်ငန်း
ရွေးချယ်တဲ့ ပုံစံကို ပြန်စဉ်းစားကြည့်ဖို့လိုတယ်။

ဥပမာ ကျွန်တော့်အနေနဲ့
လုပ်ငန်းလုပ်တဲ့အခါ
ကျွန်တော့်ရဲ့ သတ်မှတ်ချက်တစ်ခုရှိတယ်။
4C နဲ့ ကိုက်ညီတဲ့ လုပ်ငန်းတွေပဲလုပ်တယ်။

၁။ Create
ကိုယ်တိုင်ဖန်တီးပြီးဖြစ်လာတဲ့
ကုန်ပစ္စည်း၊ ဝန်ဆောင်မှုဖြစ်ရမယ်။
ဝယ်ရောင်း မဖြစ်ရဘူး။

၂။ Control
ကုန်ပစ္စည်း၊ ဝန်ဆောင်မှုရဲ့စျေးနှုန်းကို
စိတ်ကြိုက် ၁၀၀% ထိန်းချုပ်နိုင်ရမယ်။
စျေးစကားပြောတဲ့ အလုပ်မလုပ်ချင်ဘူး။
price sensitive ဖြစ်တဲ့သူတွေကို
မရောင်းချင်ဘူး။

၃။ Category
ကိုယ်လုပ်တဲ့ လုပ်ငန်းဟာ
နယ်ပယ်တစ်ခု၊ category တစ်ခုမှာ
King ဖြစ်ရမယ်။
သီးစုံဓာတ်ဆားဆို Royal D လိုမျိုး၊
လုပ်ငန်းအတွက် အကြံပေးဆို
Akyanpay ကို သိရမယ်။
တိုးတက်ချင်တယ်ဆို ToeTet ကိုသိရမယ်။
ဒီလိုမျိုးပေါ့။

၄။ Copies
ရောင်းတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေကို
copy and paste လုပ်သလို
လုပ်လို့ရတဲ့ လုပ်ငန်းဖြစ်ရမယ်။
digital products တွေဖြစ်တဲ့
Online courses တွေ၊ App နဲ့
website တွေ လုပ်ပေးတဲ့အခါ
delivery fee မကုန်ဘူး။
စိတ်ကြိုက် copies ထိုင်ပွါးလို့ရတယ်။
Thukha ဆိုတဲ့ white label
Loyalty app လိုမျိုးပေါ့။

ဒါကြောင့် လုပ်ငန်းလုပ်တဲ့အခါ
ဘယ်လိုလုပ်ငန်းလုပ်မယ်၊
ဘယ်လိုလုပ်ငန်းမလုပ်ဘူး
ကိုယ်တိုင်သတ်မှတ်ထားတဲ့
criteria တွေရှိရမယ်။
လိုရင်လိုသလို update လုပ်ရမယ်
အမျိုးတို့။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay

Share Your Idea!​