ကိုယ့်ကို program လုပ်ထားတဲ့
code တိုင်းကို ပြန်ဆန်းစစ်တယ်။
ကိုယ်ခံစားရတဲ့ စိတ်ခံစားမှုနဲ့
ယုံကြည်မှု တိုင်းကို ပြန်သုံးသပ်တယ်။
အတိတ်မှာ ရခဲ့တဲ့ ရလဒ်တွေနဲ့
ပြန်ချိန်ထိုးကြည့်တယ်။
ဒီအပေါ်မူတည်ပြီး
ဥပဒေသ ဘဝနေထိုင်းရေး
စည်းမျဉ်းတွေ ထုတ်တယ်။
ကိုယ့်ရဲ့ဖြစ်တည်မှု ရည်ရွယ်ချက်က
ကိုယ့်ရဲ့ best version ကိုတည်ဆောက်ဖို့။
ကိုယ့်ရဲ့ သမိုင်းပေးတာဝန်က
လူသားတွေရဲ့ဘဝကို ပညာရေးနဲ့
နည်းပညာအသုံးပြု မြင့်တင်ပေးဖို့။
ဘဝရဲ့ ခံယူချက်က
ဖောက်သည်စစ်စစ်နံပတ်တစ်၊
အလုပ်ကို ပိုးစိုးပက်စက်လုပ်၊
နေ့စဉ်သင်ယူ၊
အလုပ်လုပ်ရင် မြန်မြန်လုပ်။
Customer first;
Move fast;
Work hard;
Learn everyday.
လူမှန်ရင် စောက်တလွဲ
လုပ်မိမှာပဲ။
ဒါကို သင်ခန်းစာယူပြီး
ပိုကောင်းအောင် တည်ဆောက်ဖို့လိုတာပဲ။
ဘဝကို ဝေဒနာတွေနဲ့ မဖြတ်သန်း
ဒေတာတွေနဲ့ ဖြတ်သန်းနိုင်ဖို့
ကိုယ့်ကိုကိုယ် စက်ရုပ်တစ်ကောင်လို့
စဉ်းစားရတဲ့အချိန်တွေ လိုကောင်းလိုလိမ့်မယ်။
Phyo Paing @ Derek