အသည်းနာရတဲ့အချိန်တွေ
လူတိုင်းမှာရှိတတ်ကြတယ်။
အများစုက ကိုယ်ချစ်တဲ့သူတွေ
ကိုယ်မျှော်မှန်းထားသလိုမဟုတ်ပဲ
တလွဲတွေးပြီး၊ တလွဲလုပ်တဲ့အချိန်တွေ
ဖြစ်ကောင်းဖြစ်နိုင်သလို၊
ကိုယ်ထင်ထားတဲ့ လုပ်နိုင်စွမ်း
မရောက်တဲ့အချိန်တွေ
ဖြစ်ကောင်းဖြစ်နိုင်တယ်။
အစပိုင်းမှာ ပြောမယ်။
နောက်ပြောပါများ မောလာတော့
တွေ့တိုင်း အကြည်ဓာတ်ပျောက်မယ်။
နောက် လျစ်လျူရှုလိုက်မယ်။
နောက် တဖြည်းဖြည်း connection
မမိဖြစ်လာမယ်။
ဒါက သဘာဝ ဖြစ်လေ့ဖြစ်ထရှိတဲ့
ဖြစ်စဥ် တစ်ခုဖြစ်တယ်။
ဒီလို အချိန်နေကြုံတိုင်း
ဘဝနေထိုင်ရေး ဥပဒေသ
အသစ်တွေထုတ်ပြီး နေထိုင်ခြင်းအားဖြင့်
နောက်ဖြတ်သန်းရမည့်ဘဝက
ပိုကောင်းလာနိုင်တယ်။
ဥပမာ
တွယ်တာစိတ် attachment ဆိုတဲ့အစား
affection ချစ်ခင်စိတ််နဲ့ ပေးဆပ်ဖို့ကြည့်တာမျိုး။
ဒါမှ မဟုတ် တခြားသူအပေါ်ထားတဲ့
expectation တွေလျော့ပြီး
ကိုယ့်ကိုကိုယ်ပဲ မျှော်လင့်ချက်ထားထားမျိုး။
ကျွန်တော်တို့ရဲ့ တစ်ကိုယ်ရေ ဥပဒေသတွေဟာ
ဘဝဖြတ်သန်းရေးကို လွယ်ကူစေတယ်။
လူတိုင်းတစ်နေ့သေရမှာဖြစ်တဲ့အတွက်
တွယ်တာမှုတွေထားပြီး ကိုယ့်လိုအပ်ချက်ကို
သူ့ကို ဖြည့်ဆည်းခိုင်းမည့်အစား
ကိုယ်ချစ်တဲ့သူတွေကို
အရှိကိုအရှိအတိုင်း လက်ခံတာက ပိုကောင်းတဲ့
နည်းလမ်းတစ်ခုပဲလို့ ခံယူထားလိုက်တယ်။
Phyo Paing @ Derek