၁။ လုပ်နေတာပဲ။ (အချိန်အလွန်ဆွဲလွန်းခြင်း)
၂။ ခုချိန် လူတိုင်းအဆင်မပြေဘူး။ (အားလုံးဝါးလုံးရှည်နဲ့ရမ်းခြင်း)
၃။ လုပ်မှ မလုပ်တတ်တာ။ လုပ်မှမလုပ်ဖူးတာ။
သူတို့က ဒါတွေလုပ်နေတာ ကြာလှပြီ။ (တစ်ခုခုဆို မဖြစ်နိုင်တာ စဥ်းစားလွန်းခြင်း)
၄။ ဘယ်အချိန်ကံကောင်းမလဲ မသိပါဘူး။ (ကံကိုအားကိုးလွန်းခြင်း)
၅။ ကိုယ်ကအဲ့လိုလုပ်ရင် ဖြစ်မယ်သိတယ်။ မလုပ်ချင်လို့မလုပ်တာ။ (ကိုယ့်ကိုကိုယ်အထင်ကြီးပြီး အချိန်ဆွဲခြင်း)
၆။ သူလုပ်တဲ့ အဲ့ဒီ idea လုပ်မယ်လို့စဥ်းစားထားတာ ကြာပြီ။ (အကောင်အထည်ဖော်မှု မရှိခြင်း)
၇။ အော်မေ့သွားလို့။ နှစ်ရက်လောက်ပဲနောက်ကျတာပဲ။ ကားလမ်းပိတ်တော့ ဒီလိုပဲနောက်ကျကျမှာပဲ။ (ကိုယ့်ကိုကိုယ် ဖြေတွေးလွန်းခြင်း၊ ကတိမတည်ခြင်း)
၈။ ဒီလို နေရာမှာနေပြီး ဘာတွေဖြစ်နိုင်မှာလဲ။ (ပတ်ဝန်းကျင် ပယောဂကြောင့် မအောင်မြင်နိုင်ဘူးထင်ခြင်း)
=============================
ကျွန်တော်တွေ့ဖူးတဲ့ အောင်မြင်တဲ့သူတွေက
=============================
၁။ သူတို့ဖြစ်ချင်တာကိုပဲ အာရုံစိုက်နေတယ်။
၂။ တစ်ခုခုသိရင် ချက်ချင်းလုပ်တာပဲ။
၃။ ပြဿနာတစ်ခုကို အဖြေကိုရှာတယ်။
၄။ သံသယစိတ်နဲ့ မနေဘူး။
၅။ ကတိတည်တယ်။
၆။ တစ်ခုခုအောင်မြင်အောင်လုပ်ဖို့ အရာရာမသိရင်တောင် ဘယ်သူတွေသိသလဲ ရှာဖွေပြီး အသုံးပြုနိုင်စွမ်းရှိတယ်။
၇။ သူတို့ရဲ့ idea တွေ လူတွေလက်ခံအောင်ရောင်းနိုင်တယ်။
၈။ ဘယ်အခြေအနေမှာဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင် ကြံဆတယ်။
Phyo Paing @ Derek