Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကျွန်တော်လက်ကိုင်ထားတဲ့
အတွေးအခေါ်တစ်ခု

အားကိုးမရှိပဲ ဘဝကို
ဖြတ်သန်းလာတော့
အရာရာ ကိုယ်တိုင်ကြိုစီမံရတယ်။

ကျောင်းမပြီးခင်ကတည်းက
ကျောင်းပြီးအလုပ်ရဖို့ ကြိုစဥ်းစားရတယ်။
ရပ်တည်နိုင်အောင် ကြားအလုပ်လေးတွေနဲ့
အလွတ်တန်းပညာရှင်အဖြစ်ငွေရှာရတယ်။

ကိုယ့်ဘဝရဲ့ မအေးအေးဝင်းကလဲ
ကိုယ်တိုင်ဖြစ်နေတယ်။

ဒါကြောင့် ကျွန်တော်လက်ကိုင်ထားတဲ့
အတွေးအခေါ်တစ်ခုရှိတယ်။
ဒါကတော့
“အနာဂတ်ပြဿနာတွေအတွက်
ကြိုတင် အဖြေရှာပါ” ပဲဖြစ်ပါတယ်။

အိမ်ကိုကတိပေးထားတဲ့အတိုင်း
ဆရာဝန်ဘွဲ့ရအောင်တက်ပေးမယ်။
အဲ့အချိန် ဆေးကျောင်းတက်နေတုန်းက
ကျောင်းပြီးဘွဲ့ရတဲ့အခါ
စီးပွားရေးလုပ်မယ်စဥ်းစားထားတော့
ကျောင်းပြီးတဲ့အခါ မြန်မြန်ဆန်ဆန်
လေ့လာလို့ရအောင်
စာမြန်မြန်ဖတ်နည်း၊
မှတ်ဥာဏ်ကောင်းနည်း
Accelerated learning တွေ
ကြိုတင်လေ့ကျင့်ထားလိုက်တယ်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့
နည်းပညာအပြောင်းအလဲ
ရိုက်ခတ်မှုတွေကြောင့်
တစ်နှစ်နဲ့ တစ်နှစ် လုပ်ရကိုင်ရတဲ့ပုံစံ
မတူကြဘူး။

၂၀၁၂ ဂျန်နဝါရီလမှာ ဘွဲ့ရတော့
ဖေဖော်ဝါရီမှာ ရန်ကုန်သွားတယ်။
RC-2 မှာ အိန္ဒိယနဲ့တွဲသင်တဲ့
HR သင်တန်းသွားတက်တယ်။
Bus ကားလေးနဲ့သွားတယ်။
တချို့ကိုယ်ပိုင်ကားနဲ့လာတဲ့သူတွေက
ကိုယ့်ကို စကားမပြောဘူး။
ပြန်စဥ်းစားကြည့်တယ်။
ငါ့ဘဝ အပြောင်းအလဲဖြစ်ဖို့
ကိုယ်တိုင်ကားဝယ်ဖို့
social mobility အတွက်
ဘာတွေ လုပ်ဖို့လိုမလဲ။

အဆောင်နေတယ်။
ဘေးအခန်းက သူက
ကိုယ့်ပိုက်ဆံခိုးသွားတယ်။

အလုပ်တွေ တစ်ခုပြီးတစ်ခုလိုက်လျှောက်တယ်။
မရဘူး။

June လမှာ မန္တလေးပြန်လာတယ်။
ABE (UK) Graduate Diploma in
Business Management သင်တန်းအပ်လိုက်တယ်။
တစ်ပတ်ကြာတော့ အဖွားဆေးရုံတက်ရတယ်။
ကချင်ပြည်နယ်ပြန်ပြီး
ရက် ၂၀ အဖွားကို စောင့်ပေးတယ်။

Dec 2012 မှာ စာမေးပွဲဖြေပြီးတယ်။
29 Dec 2012 မှာ Roche Pharmaceuticals က
Job offer ရတယ်။

1st Jan 2013 မှာ Roche ကို စ join တယ်။
အရောင်းနဲ့ ပတ်သက်လို့၊
CRM နဲ့ ပတ်သက်လို့၊
SAP ERP အလုပ်လုပ်ပုံ၊
Presentation လုပ်နည်း၊
B2B Sales တွေ လုပ်နည်း၊
Office Politics တွေကိုနားလည်လာတယ်။
ဖူးခက်ကို စရောက်ဖူးတယ်။

ဆေးကုမ္ပဏီလဲလုပ်၊
ညနေရုံဆင်းတဲ့အချိန်နဲ့
စနေ၊ တနင်္ဂနွေကို part-time
မားကတ်တင်းနဲ့ မဟာဗျူဟာပိုင်း
ABE ကျောင်းသားတွေကို
Apex Business School မှာ စာသင်တယ်။

June 2013 မှာ MBA ကို
မန္တလေးတက္ကသိုလ်နဲ့မိတ္ထီလာတက္ကသိုလ်
ပေါင်းဖွင့်တဲ့ program ကိုလဲ တက်တယ်။

ညအချိန်ရရင် iPhone, iPad အတွက်
software နဲ့ app တွေ သွင်းတာ၊
Jailbreak လုပ်တာတွေ လုပ်တယ်။
အဲ့အချိန်က rapidshare တို့မှာ
file တွေ download လုပ်ပြီး
ပြန်ရောင်းတာတွေ လုပ်တယ်။

Honda Fit ကား သိန်း ၁၃၀ နဲ့ စဝယ်။

၂၀၁၄ မတ်လကုန်မှာ အလုပ်ထွက်လိုက်တယ်။
MBA ကလဲ internship သုံးလဆင်းခိုင်းတဲ့အချိန်။
၂၀၁၄ April တစ်ရက်နေ့မှာ
New Sky ဆိုပြီး ဖုန်းဆိုင်စဖွင့်တယ်။
၂၀၁၄ June လမှာ Oredoo ဆင်းကဒ်တွေ
တစ်ကဒ် ၁၅၀၀ စရောင်းတယ်။
ကုမ္ပဏီမှာ ပုံမှန် တစ်လ
စုစုပေါင်း ၁၀ သိန်းလောက်ကျန်ပြီး
ကျော့ကျော့လေးနေရာကနေ
April မှာ ၁ သိန်း ၂ သောင်းအမြတ်၊
May လမှာ ၂ သိန်း လေးသောင်း အမြတ်ကနေ
Oredoo ကဒ်နဲ့အတူ
ဖုန်းတွေ ဝက်ဝက်ကွဲရောင်းရတော့
June လတစ်လတည်းနဲ့
ဆိုင်အရင်းပါကြေသွားတယ်။

အဲ့အချိန် ဆိုင်မှာပဲအိပ်တယ်။
မနက် လေးနာရီခွဲဆိုင်ဖွင့်တယ်။
ကားဂိတ်နဲ့နီးတော့ မနက်ဆို
ဆိုင်ကယ်ကယ်ရီတွေက ခေါ်လာပေးတယ်။
ညဆို ၁၁ နာရီလောက်မှ ပိတ်တယ်။
နေ့လည်ခဏအိပ်တယ်။
ပုလင်းဝင်းဆိုတော့ ကြွက်တွေနဲ့။
iTunes အကောင့်ဖွင့်ပေးတာ၊
Facebook Account ဖွင့်ပေးတာတွေလုပ်တယ်။
ဝန်ထမ်းကလဲ ခြောက်ယောက်လောက်ဖြစ်လာတယ်။

August, Sep 2014 လောက်
အဲ့အချိန် သိန်း ၃၀၀ ကို အတိုး သုံးကျပ်ခွဲနဲ့ယူ
တစ်လကို ၁၀ သိန်း ခွဲအတိုးပေးပြီးစတဲ့အချိန်။
အဲ့ငွေနဲ့ ပုသိမ်ကြီးမှာ သိန်း ၁၀၀ တန်မြေကွက်ဝယ်။
နောက်နှစ်ရက်နေ သိန်း ၁၅၀ ပြန်ရောင်း။
မိုက်လိုက်တာကွာလို့ ခံစားရ။

Oct 2014 မှာ $13 လောက် boost လုပ်ရင်
Redmi 1S အလုံး ၁၀၀ လောက်ရောင်းရတယ်။
တစ်လုံးရောင်းရင် ၁ သောင်းမြတ်တယ်။
တစ်ရက်ကို ဆယ်သိန်းမြတ်တဘ်။
Dec 2014 လောက်မှာ ဆိုင်တိုင်းက
boost လုပ်လာကြတယ်။
အဲ့လို မရောင်းရတော့ဘူး။

အချိန်ပိုင်းစာသင်လိုက်၊
ဆိုင်ဖွင့်လိုက်၊
အင်တာနက်ကလေ့လာလိုက်နဲ့။

Jan 2015 မွေးနေ့ရောက်တော့
စဥ်းစားကြည့်တယ်။
ငါ့ဘဝကို ဒီလိုပဲ ဖြတ်သန်းတော့မှာလား။
ဘာတွေ ဆက်လုပ်မလဲ။

ဒါနဲ့ ဖိုးလပြည့်ဆိုတဲ့ ညီလေးကို
ထွန်းဝင်းလတ်မိတ်ဆက်ပေးတာနဲ့ သိတယ်။
ဖုန်းဆိုင်အတွေ့အကြုံရှိတာနဲ့
သူ့ကို မန်နေဂျာနေရာပေးပြီး
စီမံခန့်ခွဲခိုင်းတယ်။
May 2015 ကစတင်ပြီး
တစ်လကို အသားတင်အမြတ်အနည်းဆုံး
သိန်း ၃၀ ရှာပေးရမယ်။
၃ နှစ်နေရင် ဆိုင်ရဲ့ ၃၀% ပေးမယ်။
ဒါကို ငွေနဲ့ ထုတ်သွားလို့မရဘူး။
ငွေအနေနဲ့ ထုတ်ချင်ရင်
နောက်နှစ်နှစ်ကို
အသားတင်သိန်း ၃၀ ထက်မနဲရှာပေးရမယ်။

ဒီလိုနဲ့  ၂၀၂၂ မတ်လ ၈ နှစ်ပြည့်သွားတယ်။
၈ နှစ်တောင် ကိုယ့်ကို
လစဥ်အမြဲ အမြတ်ရှာပေးတဲ့ညီလေး
ဆိုင်အကုန်သူ့ကို ပေးလိုက်တယ်။

June 2015 မှာ YEC Learning Center စတယ်။
Lean Startup စာအုပ်ဖတ်ပြီး
Build-Measure-Learn framework ကိုအသုံးပြုပြီး
သုံးသိန်းနဲ့ သင်တန်းကျောင်းတစ်ခုစလို့ရမလား
စစမ်းကြည့်တယ်။

ရာဇာစီးပွားရေးစင်တာမှာ
တစ်လ နှစ်သိန်းခွဲနဲ့ လူနှစ်ဆယ်ဆန့်တဲ့အခန်းငှားတယ်။
သုံးသောင်းကို boost လုပ်တယ်။
အဲ့အချိန်က တစ်ဒေါ်လာ ၁၀၉၀ ကျပ်။
နှစ်သောင်းကို အချိုရေတိုက်တယ်။
Business Plan ဘယ်လိုဆွဲမလဲ
နှစ်နှစ်ရီ Seminar လုပ်တယ်။
လူနှစ်ဆယ့်သုံးယောက်လာတယ်။
ရတနာပုံ သတင်းစာမှာလဲ
အခမဲ့ဖော်ပြပေးတယ်။

ကမ္ဘောဇဘဏ်က Branch Manager က
Diploma သင်တန်းတွေ
Sat & Sunday မှာ တက်ချင်ကြောင်းပြောတယ်။

Business Council နဲ့ဆက်သွယ်တယ်။
နှစ်ပတ်အတွင်းအကောင်အထည်ဖော်ဖြစ်တယ်။

June 13 မှာ Diploma in Business Administration
သင်တန်းစဖွင့်တယ်။
British Council က စာမေးပွဲဖြေဖို့သင်ပေးတယ်။

တိုက်တိုက်ဆိုင်ဆိုင် အဲ့နေ့က
မိုးအကြီးအကျယ်ရွာတယ်။
သင်တန်းသားကလဲ ဆယ့်သုံးယောက်ရှိတယ်။

နောက်တစ်ဆင့်စကားတစ်ဆင့်နားနဲ့
သင်တန်းသား ၂၀ ဖြစ်သွားတယ်။

Coursera နဲ့ Edx က course တွေကို
ကြားရက်တွေမှာ ပြန်သင်ပေးတယ်။
သူတို့ရဲ့course နဲ့ မြန်မာနဲ့မကိုက်တော့
နောက်မသင်ဖြစ်တော့ဘူး။

Nov 2015 မှာ အရောင်းဝန်ထမ်းတစ်ယောက်ခန့်တယ်။
ဖုန်းဘယ်လိုဖြေရမလဲ FAQ လုပ်ပေးခဲ့တယ်။
ဖြေရမည့် အသံနေအသံထားသင်ပေးခဲ့တယ်။
Facebook ကို
$70 boost လုပ်ပြီး
Bangkok က NLP Top Coach မှာ
NLP သွားတက်တယ်။
ဆရာနိုင်ဝင်းအောင်နဲ့
ဆရာဦးကျော်သူတို့နဲ့တွေ့တယ်။

သင်တန်းက ပြန်လာတော့
တစ်ထောင်တန်တစ်အိပ်ကြီးပေးတယ်။
မျက်လုံးဗြူးသွားတယ်။
အဲ့အချိန် Mobile Banking တွေ
မရှိသေးဘူး။
Diploma in Business Administration
ခြောက်လသင်တန်းအပ်ထားတာ
၁၃၀ ရှိတယ်တဲ့။
ဒါနဲ့ ရာဇာစင်တာက အခန်းတွေထပ်ယူ။
အတန်းကို ခြောက်တန်းခွဲလိုက်တယ်။

မနက် 9:00 AM က ည 8:00 ထိ
စနေ၊ တနင်္ဂနွေ စာသင်တယ်။
ကြားထဲ ထမင်းစားချိန် ၁၅ မိနစ်နှစ်ခါပဲရှိတယ်။
ကျန်တဲ့နေ့တွေ
Apex မှာ စာသင်တယ်။

Dec 2015 ရောက်မှ YEC Company ကို
မှတ်ပုံတင်တယ်။
Jan 2016 ရောက်တော့
City of Oxford College နဲ့ ချိပ်ဆက်မိပြီး
YEC Learning Center က
မတ်လရောက်တော့
သင်တန်းသား ၅၀၀ ကျော် ဖြစ်သွားတယ်။

အများကြီးကျန်သေးတယ်။
၂၀၁၆ May မှာ HP Life Program
Social Media Marketing နဲ့
Training ပိုင်းစဝင်လာတယ်။

ဆက်ရေးပါအုံးမယ်။ 😀

ဖတ်ရင်းတောင်မောတာ။ :3

Phyo Paing @ Derek

Share Your Idea!​