EACT လို့ အတိုကောက်မှတ်လို့ရတယ်။
1. Emotion
ဒါကတော့ နေ့စဉ် ဘယ်လို
စိတ်ခံစားမှုတွေနဲ့ နေချင်လဲဆိုတာကို
အရင် စဉ်းစားသတ်မှတ်တာပဲဖြစ်တယ်။
နေ့စဉ် တိုးတက်မှု၊ ရင်ခုန်မှု၊
အလုပ်ထဲစျာန်ဝင်မှု၊ အလုပ်အပေါ်ရူးသွပ်မှု၊
တက်ကြွမှု၊ ပျော်ရွင်မှု၊ လွတ်လပ်မှုတွေနဲ့
နေ့စဉ် ဖြတ်သန်းချင်တယ်။
ဒါကို habitual emotion လို့ခေါ်လို့ရတယ်။
2. Activities
ဒီ စိတ်ခံစားမှုတွေ နေ့စဉ်ခံစားရဖို့
ဘယ်လို အရာမျိုးတွေလုပ်နေမလဲ
စဉ်းစားကြည့်တယ်။
ဒီ activities တွေကိုချရေးတယ်။
လေ့လာမှုတွေလုပ်နေရရင်
အတွေးအခေါ်အသစ်၊
စမ်းသပ်မှုအသစ်၊
ဖန်တီးမှုအသစ် ဒါတွေ
လုပ်နေရရင်ကို ပျော်နေတယ်။
3. Creation
ဒါဆို ဒီလုပ်ဆောင်မှုတွေပေါ်
မူတည်ပြီး ဘယ်လို
ဝန်ဆောင်မှုတွေ၊ ကုန်ပစ္စည်းတွေ
ဖန်တီးမလဲ စဉ်းစားကြည့်တယ်။
ဒီ product, service တွေကို
ဖန်တီးတယ်။
4. Target Customer
နောက်တစ်ဆင့်က ဒီ ကုန်ပစ္စည်း၊
ဝန်ဆောင်မှုတွေက
ဘယ်သူတွေရဲ့ ပြဿနာကို
အကောင်းဆုံးဖြေရှင်းပေးနိုင်မလဲ၊
ဒါမှမဟုတ် ဘယ်သူတွေကို
အကောင်းဆုံးအကျိုးပြုမလဲစဉ်းစားတယ်။
ဒီ target customer တွေကို
ကိုယ် ဝန်ဆောင်မှုပေးရင်၊
ရောင်းရင် ကိုယ်တကယ်ပျော်မလား။
မပျော်ရင် ငွေဘယ်လောက်ရရ
မရောင်းဘူး။
ဒီပုံစံနဲ့ ဘဝကို ဖြတ်သန်းတယ်။
နောက်ပိုင်း Find your Flow နဲ့
Design Your Destiny လို့ဆိုရမယ်။
ကိုယ့်ရဲ့ အကောင်းဆုံး
ဘဝနေထိုင်မှုပုံစံတစ်ခု
ဖန်တီးလို့ရလာတယ်။
ပုံမှန်စာအုပ်ထဲမှာပါတဲ့
Customer က စတဲ့ပုံစံမဟုတ်ဘူး။
ကိုယ့်ရဲ့ lifestyle က စတဲ့ပုံစံ။
ဒါကတော့ ကျွန်တော့်ရဲ့ အောင်မြင်မှုအတွက်
Definition
My definition of success is getting paid for doing what I love every day. Success is a lifestyle.
Phyo Paing @ Derek