Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကြော်ငြာ ခေါင်းကြီးပိုင်း ဘယ်လိုရေးမလည်း 8 ချက်

ယနေ့ခေတ်ရဲ့ currency သည် အာရုံစိုက်မှု ဖြစ်သည်။ ကြော်ငြာခေါင်းကြီးပိုင်းသည် ကြော်ငြာတစ်ခုကို ဆက်လက်ဖတ်ဖို့ အဓိကဆွဲဆောင်မှု ဖြစ်သည်။
On the average, five times as many people read the headlines as read the body copy.DAVID OGILVY

1. Special

Headline တစ်ခုသည် တခြား ကြော်ငြာခေါင်းစဉ်များနဲ့မတူ တမူထူးခြားဖို့လိုပါသည်။ ဥပမာ မကြာခင်က Nok Air Myanmar ရဲ့ Like တစ်ခုမှ မရရင် ဆုရမယ်ဗျို့ဆိုတဲ့ ဟာသဆန်ဆန်ပုံစံမျိုး။ Question ပုံစံမျိုးမေးနိုင်ပါသည်။ ဥပမာ Personal Development အတွက် ကျွန်တော့် DYD program မှာသုံးထားတဲ့ headline ပါ။ အောင်မြင်ဖို့အတွက်အတားအဆီးကသင့်ကိုယ်သင်ဖြစ်နေသလား? လိုချင်တဲ့ဘဝတစ်ခုတည်ဆောက်ဖို့ Design Your Destiny (DYD).

2. Specific

တိကျရပါမယ်။ ဥပမာ နှစ်ဆအင်တာနက်နဲ့အတူ တောက်ပကောင်းမွန်သောအနာဂတ်များဆီသို့ Ooredoo Myanmar. Pond’s Men မျက်နှာသစ်ဆပ်ပြာ ဝက်ခြံများကို ၃ ရက်အတွင်းကာကွယ်ရှင်းထုတ်လိုက်ပါ။ ဥပမာ အလုပ်ပြီးနှုန်း နှစ်ဆမြန်ဖို့ Double Your Productivity 😀 ကြော်ငြာ။

3. Metaphor

ဥပမာ ပိန်းကြာရွက်ပေါ်ရေမတင်သကဲ့သို့ Decolgen.

4. Target Customer တွေကို ပုံဖော်နည်း

အမေရှိရင် Elan ရှိတယ်။

5. ပေါ်ပေါက်နေတဲ့ Trend ကိုအသုံးချခြင်း

ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားတဲ့အခါတို့။ သိုက်ကလာတယ်တို့။ Copyright issue မရှိအောင်တော့ ကြည့်ရှောင်ဖို့လိုပါတယ်။

6. ကိန်းဂဏန်းတွေနဲ့ဖော်ပြတာ

ဥပမာ မြန်မာနိုင်ငံရဲ့အင်တာနက်အသုံးပြုသူက ——–ဘယ်လောက်ရှိလာပြီ။ ဒါကဘာကိုဆိုလိုသလည်း? ……..အဲ့မှာ Social Media Marketing တို့ဘာတို့ကြော်ငြာတွေဖြစ်လာတယ်။

7. Urgency အရင်လိုမှု

ကြော်ငြာတွေ ဖတ်လို့ကောင်းပြီး sales conversion မဖြစ်ပြန်ရင်လည်း အချည်းနှီးဖြစ်တယ်။ ဒါကြောင့် Headline မှာ ဥပမာ Customer တွေကို choice အများကြီးပေးတဲ့အတွက်ကြောင့် ရောင်းအားတွေထိုးကျနေပြီလား?

8. Useful အကျိုးရှိရမယ်

ကြော်ငြာ headline ဟာဝယ်ယူမည့်သူတွေအတွက် အကျိုးရှိရမယ်။ ဥပမာ စီးပွားရေးလုပ်ငန်းတစ်ခုကို ၁၀ ရက်အတွင်းစမယ်။ ကိုယ်တိုင် စီးပွားရေးစတင်မည့်သူတွေအတွက် အကျိုးရှိတဲ့ headline ဖြစ်ပါတယ်။
Positioning Statement Vs Tagline
ယေဘူယျအားဖြင့်တူပါတယ်။ ဒါပေမယ့် positioning statement တစ်ခုမှာ tagline တစ်ခုထက်ပိုပါနိုင်ပါတယ်။

Phyo Paing @ Derek

Share Your Idea!​