စီးပွါးရေးဘာကြောင့် လုပ်သလဲ။
အများစုက ဝင်ငွေရချင်လို့။
ဘာကြောင့်ဝင်ငွေရချင်သလဲ
တချို့က လွတ်မြောက်မှုရချင်လို့။
ကိုယ်ဝယ်ချင်တာကို ဝယ်ချင်တဲ့အချိန်
ဝယ်နိုင်ဖို့။
သွားချင်တဲ့နေရာကို သွားချင်တဲ့အချိန်
သွားလို့ရနိုင်ဖို့။
ဒီအတွက် ပေးဆပ်မှုတွေက
လကုန်တိုင်း အရှုံးအမြတ်ထွက်ဖို့
မသေချာတာ။
ကိုယ့်ရဲ့ လွတ်လပ်မှုတချို့
လုပ်ငန်းစတင်ချိန်မှာ ဆုံးရှုံးရတာ။
ဝန်ထမ်းရေးရာ၊ ဖောက်သည်ရေးရာနဲ့
နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးရာနဲ့
ပတ်သက်လာရင် ခေါင်းစားရတာ။
ဒါတွေ ရှိနိုင်တယ်။
တကယ်လို့ ကိုယ်က ငွေတစ်ခုအတွက်ပဲ
လုပ်တယ်ဆိုရင်
ခံယူချက်မရှိခဲ့ရင်
လုပ်ငန်းလုပ်ရတာ ပျော်မှာမဟုတ်ဘူး။
ကျွန်တော့်မြင်တဲ့အမြင်ကတော့
လုပ်ငန်းဆိုတာက ကိုယ့်ကိုတိုးတက်အောင်
လုပ်ပေးတဲ့ vehicle တစ်ခုပဲ။
နောက်နှစ်နှစ်ဆယ်၊ သုံးဆယ်သာ
ပုံမှန်ဇွဲရှိရှိလုပ်သွား။
နယ်ပယ်တစ်ခုမှာ ထိပ်ဆုံးမရောက်စရာ
အကြောင်း သိပ်မရှိဘူးလို့ ယူဆတယ်။
ခံယူချက်တော့လိုတယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay